Part-11

2.6K 234 4
                                    

Unicode

ဇေသူတို့ နေလည်စာ စားကြတော့ ဖြူလေးက ....

"ညနေမှ ပင်လယ်ထဲဆင်းမှာ မလား....??"

"အင်း ....လေးနာရီလောက်ဆင်းမယ်လေ၊
ခု စားပြီးရင် ခဏနားကြတာပေါ့၊ "

နှစ်ယောက်သား ပျော်ရွှင်စွာဖြင့်
အတိုင်အဖောက် ညီနေကြသော်လည်း...

"ပင်လယ်ထဲတော့ မဆင်းပါနဲ့၊
အန္တရာယ်များတယ်လေ၊
ဂျူးလည်း သိပ်နေကောင်းသေးတာ မဟုတ်ဘူး"

ကိုစိုင်းနေက ဝင်ရောက် တားဆီးလိုက်တာကြောင့်
အပျော်လေးတွေ ပျက်ကုန်လေသည်။
ဖြူလေးက ကိုစိုင်းနေ ဂျူးကို စိတ်ပူ
ပြနေတာကြောင့် ပြုံးစိစိဖြစ်နေပေမယ့်
ဇေသူကတော့ စိတ်ပျက်စွာဖြင့် .. ...

"ပင်လယ်လာတာ ပင်လယ်ထဲမဆင်းလို့
ဘာလုပ်ရမှာလဲ..? ဆင်းမှာပဲ....၊
နေကကောင်းနေပြီဟာကို .."

ဇေသူရဲ့ ခွန်းတုံ့ပြန်စကားကြောင့် ၊ ကိုစိုင်းနေ၏ ကြက်သီးထဖွယ် စူးရှသော အကြည့်တစ်ခုက
ဇေသူထံ ကျရောက်လာသဖြင့် ဇေသူ
ကျောထဲစိမ့်သွားရသည်။ ချက်ချင်းပင်
ဖြူလေးအား အကူအညီတောင်းသည့်
အကြည့်နှင့် လှမ်းကြည့်ကာ စစ်ကူခေါ်
သော်လည်း ဖြူလေးက မျက်ခုံးပင့်ပြကာ၊
မျက်နှာလွှဲသွားလေသည်။

"ပင်လယ်ထဲတော့ မဆင်းရဘူး....
ဆင်းချင်ရင် အစပ်လောက်မှာပဲ
လမ်းလျှောက်ပေါ့..."

ဇေသူ၊မျက်မှောင်ကြုတ်ကာ
ကိုစိုင်းနေအား မကျေမနပ် ပြန်ကြည့်ရင်း.....

" ဘာလို့လဲ...?
ပင်လယ်ထဲဆင်းတော့ ဘာဖြစ်သွားမှာမို့လဲ၊
ကျွန်တော်ရေကူးတတ်ပါတယ်...."

ဇေသူ စိတ်တိုသဖြင့်၊ပါးစပ်မှ ကျွန်တော်ဟု
လွှတ်ခနဲ ထွက်သွားသည်။ ဖြူလေးက ဇေသူ့ကို
တစ်ချက်ကြည့်လိုက်သော်လည်း၊ မကြား
လိုက်ဘူးထင်သည်။

သို့သော် ကိုစိုင်းကတော့ ထိုင်နေရာမှ
ဝုန်းခနဲ ထလိုက်ကာ ......

"ကိုနဲ့ ခဏလိုက်ခဲ့"

ထိုသို့ပြောကာ၊ ထထွက်သွားလေသည်။
ဇေသူ ဖြူလေးကို အားကိုးတကြီး ကြည့်မိတော့
လိုက်သွားဟူ၍ မျက်နှာရိပ်မျက်နှာကဲ ပြသည်။

လရိပ်Where stories live. Discover now