Part-13

2.6K 220 1
                                    

Unicode

ဖုန်းသံမြည်နေသဖြင့် အိပ်ချင်မူးတူးဖြင့်
မျက်လုံးများကို ပွတ်သပ်ကာ ကြည့်လိုက်တော့
ကိုစိုင်းနေဆီက ဖြစ်နေသဖြင့် အလူးအလဲ ထကာ
နာရီကိုကြည့်တော့ မနက်ငါးနာရီသာရှိသေးသည်။

ဘယ်လောက်ပင် စောနေပါစေ၊ ဖုန်းမဆက်တာ
ကြာနေပြီဖြစ်တာကြောင့် ဇေသူ ပျော်သွားပြီး
မြန်မြန် ကောက်ကိုင်လိုက်သည်။

ဇေသူ့ဘက်က ဘာမှ တောင်ပြောရသေး။
"ခြောက်နာရီ အတိမှာ အိမ်ကို ရောက်မယ်၊
ရေမိုးချိုး အဝတ်အစားလဲပြီး စောင့်နေ၊
ဘုရားသွားမှာနော်၊ မြန်မာလို ၀တ်လာဦး"

ကိုစိုင်းနေဘက်က ထိုသို့ပြောပြီး ဖုန်းချသွားသည်။
ဘာလဲဟ...အရင်းမရှိ အဖျားမရှိ။
အဲ့တာ ညထဲက မပြောပဲ ဘာလို့ ခုမှ ဖုန်း
ထဆက်ရသနည်း၊ ဇေသူ ခေါင်းကို ခပ်ပြင်းပြင်း
ကုတ်လိုက်သည်။

ပြောတော့လဲ လုပ်ရမှာပဲပေါ့....။

အိပ်ယာမှ ကုန်းရုန်းထလိုက်ကာ ရေချိုးခန်းထဲ
တန်းသွားရသည် ၊ ဒီတိုင်းသွားလို့မရ၊
အဝတ်အစားက ယူရသေးသည်။
မိန်းမတစ်ယောက်ဖြစ်သည့် အပြင်
ရေချိုးခန်းက အခန်းနှင့် လှမ်းသဖြင့်
ကိုယ်တုံးလုံး ထွက်လာလို့မရ။

ဪ ...ငါ့ဘဝလေးကို သနားလိုက်တာ၊
ရေချိုးနေရင်း စဉ်းစားမိတာက တစ်ခုတည်း.၊
မြန်မာလို ဘယ်လိုတောင် ၀တ်သွားရမှာလဲ..?။

အခန်းထဲရှိ အဝတ်ဗီရို တစ်ခုလုံး ပွထ
သွားသော်လည်း ဘာဝတ်ရမှန်းမသိ။
ရှည်လျားသော ဆံပင်များကို လျှော်ထားသဖြင့်
dryer မှုတ်လျှင်လည်း ကြာဦးမည်။

ကိုစိုင်းနေ ပြောထားသည့် အချိန်ကရောက်တော့မည်။
ဘာမှ ကြီးကျယ်သော ကိစ္စ မဟုတ်သော်လည်း
ငိုချင်လာသလို ခံစားရသည် ။

ခြောက်နာရီ ဒေါင်ခနဲထိုးတာနဲ့ အိမ်ရှေ့မှ
တံခါးခေါက်သံကြားရသည်။

"သမီးရေ ... စိုင်းနေ ရောက်နေတယ် နော်.."

အန်တီမေက အပြင်မှလှမ်းအော်သည်။
ဘာလို့များမနက်အစောကြီး၊
ဘုရားသွားချင်နေတယ် မသိ။
ဇေသူ ခေါင်းကို ကုတ်လို့မပြီးတော့ပဲ
အိမ်နေရင်း အကျီနဲ့ ထိုင်နေမိသည်။
နောက်ဆုံးတော့ ဘယ်လိုမှ
အဆင်မပြေသည့် အဆုံး...

လရိပ်Where stories live. Discover now