Part-23

2.9K 227 1
                                    

Unicode

အိမ်ကို ဖြူလေး ရောက်နေတုန်း၊ ဂျူးသိချင်
တာတွေ တစ်စီတတန်း စုထားသမျှ တစ်ခုခြင်းစီ
မေးဖို့ ကြံစည်မိတော့သည်။

"ဒီကြားထဲ ... ငါ တော်တော်
ပြောင်းလဲသွားတာလား...??ဒ

သူမနဲ့ ဧည့်ခန်းထဲတွင် နှစ်ယောက်သား
ထိုင်နေတုန်း မေးဖြစ်တော့ ဖြူလေးက
ခေါင်းကိုညိတ်ကာ...

"အင်း... နင်က သတိမေ့နေတော့
ငါလည်း အရင်အကြောင်း တွေ
သိပ်မပြောဖြစ်ဘူး၊
နင့်အပြုအမူတွေကတော့
နင်နဲ့ မတူသလို ခံစားရတယ်...."

"ဘယ်လိုတွေ မတူတာလဲ... ?"

"ဥပမာကွာ...
နင်က မိန်းမဆန်တဲ့ မိန်းကလေးထဲမှာပါတယ်လေ ၊ သိမ်မွေ့တယ် ယဉ်ကျေးတယ်၊
ဒါပေမယ့် နင်သတိမေ့ နေတုန်းကကျ၊
ဘယ်လိုပြောရမလဲ....
နည်းနည်း သွက်လက်ပြီးတော့၊
လူငယ်ဆန်နေတယ်၊
သိမ်သိမ်မွေ့မွေ့ မရှိဘူးဟာ.....
အဲ့လိုမျိုး..."

ဖြူလေး စကားကြောင့် ဂျူးဖုန်းထဲမှာ
နောက်ဆုံး ရိုက်ထားတဲ့ ဗီဒီယိုလေးအား
ပြန်မြင်ယောင်မိသည်။
ထိုဗီဒီယိုထဲတွင် ဂျူးပါ ပြောင်းလဲ
နေရုံသာမက ကိုကိုဂျူးကို ကြည့်သော
အကြည့်တွေကပါ ပြောင်းလဲနေသည်လေ။

"ဘာဖြစ်လို့လဲ ဂျူး...၊ ?"

ဖြူလေး မေးလာသော မေးခွန်းကို
ဂျူး မဖြေချင်ပါ၊ ဂျူး စိတ်ထဲ
မတင်မကျဖြစ်နေသည့် ကိစ္စများ
ကိုလည်း ဖြူလေးနှင့် တိုင်ပင်ရမှာ
ဝန်လေးနေမိသည်။

တစ်ခါတစ်လေ ဂျူးပဲ အတွေးလွန်
နေတာလားဟူ၍ ပြန်စဉ်းစားဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး..၊
မေမေက ငါ့ အကြိုက်တွေ
ပြောင်းသွားတယ်ဆိုလို့ မေးကြည့်တာပါ...."

"အင်း အဲ့တာတော့ ဟုတ်တယ်...၊ "

ဂျူးသက်ပြင်းတွေသာ ချနေမိတော့သည်။
တစ်ခုခု စိတ်ထဲထင့်နေပါသော်လည်း၊
ဘာကြောင့်မှန်း ရေရာစွာမသိ။

............

မနက်တိုင်းလိုက်ပို့ပေးနေကြ ဖြစ်သလို
ဂျူးအား စိုင်းနေ အလုပ်ကို လိုက်ပို့သည့် လမ်းတွင်...

လရိပ်Where stories live. Discover now