Part-24

3K 232 2
                                    

Unicode

ဇေသူ ဆေးရုံက ဆင်းသည့် နေ့တွင် ကိုစိုင်းနေ
ရောက်မလာခဲ့ပါ။ သူ ဖြစ်နေတဲ့ စိတ်ခံစားချက်ကို
​ဇေသူ ကောင်းစွာ နားလည်ပါသည်။
ထို့ကြောင့် သူ မလာလည်း ဇေသူ
နားလည်ပြီးသား ဖြစ်သည်။

ချစ်သူရှိရက်နဲ့ တစ်ခြား တစ်ယောက်ကို
စိတ်ယိုင်မိနေခြင်းက သူ့အတွက် သိပ်ကို
ခက်ခဲမည် ဖြစ်သလို၊ ထိုစိတ်ယိုင်နေသော
သူက ယောက်ျားလေးတစ်ယောက်
ဖြစ်နေခဲ့ပါလျှင်၊ သူပို၍ ခက်ခဲပင်ပန်း
ရပေလိမ့်မည်။

ကားပေါ်က ဆင်းဆင်းခြင်း ဇေသူ ခြေချမိသော
အိမ်အရိပ်ကဇေသူ့အတွက် အစိမ်းရောင်
သက်သက်၊ ဒီအိမ်မှာ ဇေသူ မရှိခဲ့တာ
တော်တော်ကြာသွားခဲ့ပြီ။

အိမ်ကြီးကို မော့ကြည့်ရင်းတစ်ချိန်က
နာကျင်စရာများအား မျက်လုံးထဲ
ပြန်မြင်ယောင်လျှက်၊ ဒီအိမ်ကြီးထဲမှာ
ရှင်သန်ခဲ့ရတဲ့ ဘဝက သိပ်ကို
အထီးကျန်စရာ ကောင်းခဲ့သည်။

ဂျူးအိမ်မှာ ဂျူးအဖြစ်နဲ့ နေခဲ့ရတဲ့
ခြောက်လအတွင်းကလို နွေးထွေးမှုတွေ
ဒီအိမ်မှာ မရှိခဲ့ဖူးဘူး..။

"သားလေး... လာ ထိုင်...."

မေမေက ဇေသူ့အား လာတွဲပေးကာ ဝှီးချဲပေါ်
တက်စေရာတွင် ၊ ဇေသူ ရုန်းလိုက်မိပြီး....

"မေမေ...?"

"ပြောလေ သားလေး...."

"မေမေ နောင်တ မရဘူးလား...?"

"ဘာကိုလဲ သား..?"

"သားကို လက်လွှတ်ဖို့ ကြိုးစားတဲ့
အစီအစဉ် ပျက်သွားတာကိုလေ..."

ဇေသူ့အမေးကြောင့် မေမေ
မျက်ဝန်းတို့ လှုပ်ခပ်သွားချိန်....

"သားကို ဒီကိစ္စ ဘယ်သူပြောတာလဲ...?
စိုင်းနေ ပြောတာလား...?"

ဇေသူ ခေါင်းခါလိုက်ကာ.....

"အဲ့တာက အရေးကြီးလား ..?
သားမေးတာကိုသာ မေမေဖြေပေးပါ...."

မေမေ့၏ မျက်ဝန်းမှ မျက်ရည်တို့ ကျလာချိန်
ဇေသူ ရင်ထဲတွင်လည်း ဆစ်ခနဲ။
ပြန်သတိရလာတည်းက မေးချင်သော
မေးခွန်းတွေက အိမ်ကို ရောက်သည့်
အခါမှာ ဘယ်လိုမှ မထိန်းနိုင်ခဲ့။

လရိပ်Where stories live. Discover now