Part-16

2.7K 231 0
                                    

Unicode

ဒီလိုနဲ့ နေလာရင်း အိမ်ထဲတွင် တစ်ယောက်တည်း
နေ့နေ့ညည ဖြတ်သန်းနေရသဖြင့်ပျင်းလာပြန်သည်။
ဖြူလေးက နှစ်ပတ်ကို တစ်ခါလောက်
အိမ်လာသော်လည်း ၊ သူမ မလာသော
ရက်များက  ပျင်းခြောက်ခြောက်နိုင်လှသည်။
အန်တီမေနှင့် ဆိုင်လိုက်သွားသည့်
ရက်များတွင်လည်း ပျင်းတာက ပျင်းတာပါပဲ... ၊
ဆိုင်မှာလူကျလာလျှင် အလုပ်တွေ
ရှုပ်လွန်းလှတာကြောင့်..၊
ကြာတော့ ဇေသူ အပင်ပန်းမခံနိုင်တော့။

တစ်နေ့တစ်နေ့ ဖုန်းပဲ ကြည့်နေရသည်။
အိမ်မှာပဲ နေရတော့ လူက ရူးချင်ချင်တောင်
ဖြစ်လာသလိုပင်...

ဇေသူ ဖုန်းလေးကိုကြည့်နေရင်း မတွေ့တာကြာပြီ ဖြစ်သော  ကိုစိုင်းကိုသတိရလာသဖြင့်
ဖုန်းကောက်ဆက်လိုက်သည်။

"ဟယ်လို...."

အမယ် ...ဒီတစ်ခါတော့ ချက်ချင်း ကိုင်သားပဲ...

"ဟယ်လို ကိုစိုင်း.... ၊
ကျွန်တော့်ကို မနက်ဖြန်ကျရင်
တစ်နေရာရာ လိုက်ပို့ပါလားဟင်..
ကျွန်တော်အိမ်ထဲမှကြီးနေရတာ
မွန်းကျပ်လာလို့..."

"ဘယ်သွားချင်လို့လဲ...?."

မဆိုင်းမတွ မေးလိုက်သော မေးခွန်းကြောင့်
ဇေသူ ပျော်သွားရသည်။
ဘယ်သွားရင် ကောင်းမလဲ အသဲအသန်
စဉ်းစားလိုက်ပြီးမှ၊ ဘယ်သွားရမလဲ
သေချာမသိတာကြောင့်..၊

"မုန့်လေး ဘာလေးစား.. ၊
shopping လေး ဘာလေး ထွက်မယ်လေ.... ၊
တစ်နေကုန် အချိန်ပေးရင် ရပြီ.."

ဇေသူ တစ်နေကုန် အချိန်ပေးရန်
ပိုင်စိုးပိုင်နင်း တောင်းလိုက်သော်လည်း
ဟိုဘက်က ငြင်းဆန်ခြင်းမရှိပဲ..

"အင်း... ဘယ်အချိန် လာခေါ်ရမလဲ....?"

ဇေသူ စဉ်းစားလိုက်သည်။
ရခဲလှတဲ့ အခွင့်အရေးဆိုတော့
စောစောသွားမှ ဖြစ်မည်။

"၈ခွဲ အရောက် လာခေါ်လေ..၊
ပြီးတော့ ကျွန်တော့်ကို dryer လဲ
မှုတ်ပေးဦးနော်..."

သူ စိတ်ကောင်းဝင်နေတုန်း..၊
အထွန့်ထပ်ထက်ကြည့်တော့ ....

"အင်း...."

လရိပ်Where stories live. Discover now