Part-9

2.8K 230 0
                                    

Unicode

"အိမ်မပြန်ခင် ...တစ်နေရာကို
ခဏ လိုက်ပို့ပေးပါလား...?"

စျေးဝယ်ပြီး၊ကားပေါ်ရောက်တော့ ဇေသူ
ပြောလိုက်ခြင်းဖြစ်သည်။ ကိုစိုင်းက
တော်တော်နှင့် ပြန်မပြော ၊ နည်းနည်းကြာပြီးမှ

"ဘယ်ကို လဲ...? "

"ကျွန်တော်သေလား ရှင်လား ဆိုတာတော့
သိချင်သေးတယ် ၊
ကျွန်တော့်အိမ်ကို လိုက်ပို့ပေးပါ..."

"ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ..?
အဲ့ကိစ္စ တွေကို ခေါင်းထဲက ထုတ်လိုက်တော့"

ကိုစိုင်းက အော်ပြောနေတာကြောင့်
အနည်းငယ်တော့ ဒေါသထွက်သွားရသည်။

"ခင်ဗျားက တော်တော် တကိုယ်ကောင်းဆန်တာပဲ၊
ခင်ဗျားဖြစ်စေချင်သလို၊ ဂျူးအဖြစ်နဲ့
နေပေးနေပြီပဲ...ကျွန်တော် ဖြစ်ချင်တာတော့
နည်နည်း ပြန်လုပ်ပေးသင့်တယ် မထင်ဘူးလား..၊
ခင်ဗျားက ခင်ဗျားချစ်သူကို ဆုံးရှုံးသွားရတာပဲ
ရှိတာ....၊ ကျွန်တော်က အရာအားလုံးကို
ဆုံးရှုံးလိုက်ရတာ၊ ခင်ဗျား နည်းနည်းပါးပါးလည်း
ကိုယ်ချင်းစာ ကြည့်ဦး"

ဝဲတက်လာသောမျက်ရည်များကို၊
မကျအောင် ထိန်းကာ အံကိုတင်းတင်း
ကြိတ်ထားရင်း ပြောလိုက်မိသည်။

"မင်းအိမ်ကို ငါလိုက်ပို့ပေးရင် ရပြီမလား....."

ဇေသူ ခေါင်းညိတ်ပြလိုက်သည်။
တကယ်တမ်း ကိုယ့်အိမ်ကိုယ် ရောက်ရင်တောင်၊
ဘာမှလုပ်နိုင်စွမ်းမရှိပါ၊
အဝေးက လှမ်းကြည့်ရင်းနှင့်သာ ​ကျေနပ်ရမည်
ဖြစ်သည်။

..........

ဆေးရုံမှာတုန်းက ဇေသူပြောထားသည်
လိပ်စာအတိုင်း မောင်းလာတော့၊ ကြီးမားသော
မုဒ်ဦးကြီးနှင့် အိမ်ယာ၀န်းတစ်ခုကိုတွေ့ရသည်။

ထို အထဲကို ၀င်တော့လည်း ခြံဝန်းကျယ်ကြီးများနှင့်
ခမ်းနားလှသော အိမ်များကို အစီအရီ တွေ့ရလေသည်။
ဇေသူက စိုင်းနေ ထင်ထားတာထက်ပင်
များစွာ ပို၍ ချမ်းသာနေသေးသည်။

"မင်းအိမ်နေရာကို ပြောဦး..."

"အင်း ....အိမ်နံပါတ် A-20.."

လရိပ်Donde viven las historias. Descúbrelo ahora