Part-17

2.7K 220 2
                                    

Unicode

သူ စပါကတီ လုပ်နေတဲ့ အတောအတွင်းမှာ
ဇေသူ့အား ဧည်ခန်းတွင်သာ ထိုင်နေခိုင်းသည်။
ဇေသူက ထမင်းစားခန်းတွင် လာထိုင်ကာ
သူလုပ်နေတဲ့ အစအဆုံးကို ငေးကြည့်နေမိရင်း
ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေပါ ရိုက်ထားမိသည်။

ကိုစိုင်းနေက ဂျူးကိုတော့ ခဏခဏ လုပ်ကျွေး
ဖူးလိမ့်မည် ထင်သည်။ ဂျူးကလည်း ဒီအိမ်ကို
ခဏခဏ ရောက်ဖူးလိမ့်မည်။ ဂျူးအကြောင်း
စဉ်းစားမိတော့ ဇေသူ အပြစ်ရှိသလို
ခံစား လာရပြန်သည်။
ကိုစိုင်းနေ ပြောသလို သူမက ဘယ်ရောက်လို့
ဘယ်ပေါက်နေမှန်း မသိတဲ့ အချိန်မှာ၊
ဇေသူကတော့ သူမ ချစ်သူနားမှာနေရင်း
ပျော်နေမိသည် မဟုတ်ပါလား..။

"ရပြီ...."

ဇေသူ့ ရှေ့တွင် ပန်းကန်လေး လာချပေးကာ
ပြောလိုက်သော ကိုစိုင်းနေကြောင့် ဇေသူ
သတိပြန်ဝင်လာရသည်။
ပန်းကန်လေးကို ကြည့်မိတော့၊ သေချာလေး
အလှဆင်ကာ လုပ်ထားသော စပါကတီပွဲလေး
ကို မြင်လိုက်ရသည်။

"မြည်းကြည့်..."

"ခဏ ....ခဏ...
ခင်ဗျား ဒီပန်းကန်လေးပြန်ကိုင်ပါလား...?"

ဇေသူ့စကားကြောင့် ကိုစိုင်းက နားမလည်
သလိုကြည့်တော့ ဇေသူက ပန်းကန်ကို
ကိုစိုင်းနေအား ပြန်ပေးလိုက်ကာ..

"ဟီး...
ကျွန်တော် ဓာတ်ပုံရိုက်ချင်လိူ့...."

ထိုတော့မှ ကိုစိုင်းနေက သဘောပေါက်သွားဟန်နဲ့
ပန်းကန်ကြီးကို ကိုင်ကာ ရှိုတိုးရှန်းတန်း
ဖြစ်နေလေသည်။

"ရပြီ ရပြီ.. ဟီး..."

ဇေသူ ကိုစိုင်းနေဆီက ပန်းကန်ကို ပြန်ယူပြီး
စားပွဲပေါ်ပြန်ချကာ...

"အွန်.. ခင်ဗျားရော မစားဘူးလား..?"

"ဪ... ဟုတ်တယ်... "

ကိုစိုင်းနေက သူ့ပန်းကန်ကို သူသွားယူ
နေလေသည်။ပြီးနောက် ဇေသူ့ ဘေးတွင်
လာဝင်ထိုင်ကာ ဇေသူ ပထမဆုံးစားနေသည့်
အလုတ်အား စောင့်ကြည့်နေပြီး
ကောင်းမကောင်း သိချင်နေပုံရသည်။

တကယ်ကိုကောင်းတာပါ..၊
ဇေသူစားဖူးတဲ့ ဆိုင်လက်ရာတွေကို မှီပြီး ၊
ထိုလက်ရာများနှင့် မတူပဲ တမူထူးခြားသည့်
အနံ့လေး တစ်ခုကိုပါ ရလေသည်။

လရိပ်Où les histoires vivent. Découvrez maintenant