Part-12

2.6K 236 0
                                    

Unicode

ငွေဆောင်က ပြန်ရမည့်ရက် မနက်ခင်းတွင်
အိပ်ယာကတောင် မနိုးသေးတဲ့ အချိန်ကြီး
ဖုန်းဝင်လာသဖြင့်  လန့်နိုးသွားရသည်။
ထုံးစံအတိုင်း မသိတဲ့ ဖုန်းနံပါတ် 
အစိမ်းတစ်ခုဖြစ်နေသည်။

ခန့်ထက်ပဲလား...?

ဇေသူ မကိုင်ဖြစ်တာကြောင့် မကြာခင်မှာပင်
မက်ဆေ့ တစ်စောင်ပါ တွဲဝင်လာသည်။

"ဂျူး နေကောင်းရဲ့လားဟင်၊
ကို့ဖုန်းကို ခဏလေးပဲ ကိုင်ပါနော်၊
ကိုဘာမှ မလုပ်ပါဘူး၊
အသံလေးပဲ ကြားချင်တာပါ...."

သေချာပေါက် ခန့်ထက်ဆီက ဖြစ်နေသည်။
ခန့်ထက်က  ဂျူးကို လိုက်နှောက်ယှက်
နေသူ တစ်ယောက်လား..?
ဇေသူ .. ကိုစိုင်းနေကို ပြောသင့်လား.?
ဖုန်းနံပါတ်အမျိုးမျိုး နှင့် မရမက
ဆက်သွယ်နေသည်။

ကိုစိုင်းကိုပြောလိုက်လို့ မဖြစ်သင့်တာ
ဖြစ်ကုန်မှာလည်း စိုးရိမ်သည် .. ။
ဒီတိုင်းထားလို့ကလည်း မဖြစ်တာကြောင့်...။

နောက်တစ်ခေါက် ထပ်ဆက်လာမည့်
ဖုန်းကို စောင့်လိုက်ပြီး ဖုန်းဝင်လာလာခြင်း
ကိုင်လိုက်သည်။

"ဟယ်လို .....၀မ်းသာလိုက်တာ ဂျူးရယ်၊
ဂျူး နေကောင်းရဲ့လား ဟင်...?
ကိုအရမ်းစိတ်ပူနေတာ....
လာတွေ့ ရင်လည်း
ဂျူး စိတ်ဆိုးမှာ စိုးလို့ မလာတာ..."

တစ်ဖက်က တကယ်ကို ဝမ်းသားအားရနှင့်
ဂျူးကို လှိုက်လှိုက်လှဲလှဲပြောနေတာ....

"ဟယ်လို အခုပြောနေတဲ့
ကိုခန့်ထက်က ဂျူးနဲ့
ဘယ်လိုပက်သက်တာလဲ..?
အခု ဂျူးရဲ့ အခြေအနေက ဘာကိုမှ
မမှတ်မိတဲ့ အခြေအနေဖြစ်နေလို့ပါ.."
                                                                                              ဇေသူ၏စကားကြောင့်၊
တစ်ဖက်မှအတန်ကြာအသံတိတ်သွားပြီးမှ    .....                               
"ဟုတ်လို့လား ဂျူးရယ်..၊
ကို့ကို တမင် အဆက်အသွယ်
ဖြတ်ချင်လို့ လုပ်နေတာလား...?"

"ဂျူး မေးတာကိုသာ ဖြေပေးပါ
ကိုခန့်ထက် .."

ကိုစိုင်းနေကိုအတုခိုးကာ  အမိန့်သံနှင့်
ပြောလိုက်သဖြင့် တစ်ဖက်မှ
ခဏငြိမ်သွားပြီးမှ......

လရိပ်Where stories live. Discover now