Part-26

3.3K 239 9
                                    

Unicode

ညတစ်ခေါင်ကျော်တွင် မြည်လာသော ဖုန်းသံ
တစ်ခုကြောင့် ဇေသူ ဖုန်းအားကြည့်လိုက်တော့၊
မြင်လိုက်ရသည့်  contact name က ရင်ကို
လှုပ်ခတ်သွားစေသည်။

ကိုစိုင်းနေ.!!!

ဇေသူ ဖုန်းကို ချက်ချင်း ထကိုင်လိုက်ကာ....

"ဟယ်လို..?"

"ဇေသူဇော်..?.."

တစ်ဖက်က ကိုစိုင်းနေ၏ အသံမှာ ပုံမှန်မဟုတ်၊
အနည်းငယ်  လေးပင်နေသည်ဟု ခံစားရသည်။

"ကိုစိုင်းနေ.. နေမကောင်းဘူးလား..?"

"ငါ့ဆီကို ခဏ လာခဲ့ပေးပါ...."

သူထိုသို့သာပြောပြီး ဖုန်းချသွားချိန်တွင်
ဇေသူ ဘာလုပ်ရမှန်းမသိ။
အချိန်က ည ၂နာရီ။
သူ တစ်ခုခုများ ဖြစ်နေလို့လား ဟူ၍
စိုးရိမ်စိတ်နှင့် အတူ...၊
ကုတင်ဘေးတွငိ ထောင်ထားသော
ဂျိုင်းထောက်လေးအား ယူကာ
အားပြုလိုက်ရင်း ကုတင်ပေါ်မှ ထလိုက်ကာ
အပြင်သို့ ထွက်လာခဲ့မိသည်။

ဇေသူ ဆေးရုံက ဆင်းပြီး တစ်လအကြာတွင်
ကျန်းမာရေးက ကောင်းသလောက်ဖြစ်နေပြီ
ဖြစ်သော်လည်း  ဘယ်ဘက် ခြေထောက်
တစ်ဖက်က ကောင်းစွာ မထောက်နိုင်သေး..။
ထို့ကြောင့် ဂျိုင်းထောက်ကိုသာ
အားပြုပြီး လျှောက်နေရသေးသည်။

ကားမောင်းဖို့လည်း မဖြစ်နိုင်သေးသည့်
အခြေအနေ ဖြစ်တာကြောင့် ခြံပြင်သို့
ထွက်လာရင်း တက်စီ ငှားဖို့ ကြိုးစားမိသည်။

ညတစ်ခေါင်ဖြစ်တာကြောင့်
တက်စီတွေ အလွန်ရှားပါးလှသည်။

နာရီဝက်လောက်အကြာမှ တက်စီ
တစ်စီးရလေသည်။ ဇေသူ့ ဦးတည်ရာက
ကိုစိုင်းနေ ၏ ကွန်ဒိုဆီသို့။
သူ အဲ့မှာ ရှိနေလောက်မှာပါ...။

ကွန်ဒိုသို့ရောက်တော့ အပေါ်သို့
ဓာတ်လှေကားနှင့် တက်လာရင်း
ရင်ထဲမှာ စိုးရိမ်စိတ်တို့ ဝင်လာရသည်။

ဇေသူ သူ့ဆီ လာသင့်သေးရဲ့လား... ။

ဂျူးနဲ့ နောက်ဆုံး အကြိမ်က ပြောခဲ့သည့်
စကားများကို ပြန်ကြားယောင်ရင်း...၊
ဇေသူ နောက်ပြန် လှည့်ချင်လာသည်။
ဇေသူ မလာခဲ့သင့်။

လရိပ်Where stories live. Discover now