07

12.2K 1.7K 90
                                    

ပြီးခဲ့တဲ့ ရက်က ရှောင်းကျန့်ကို ထျန်းရှင်းက ပြန်ဆက်သွယ်လာတယ်။ အလုပ်ပြန်ဝင်ဖို့ရာ! ပျော်သွားပေမဲ့ တစ်ခုခုကိုတွေးမိပြီး ရှောင်းကျန့်စိတ်လေးသွားတယ်။ အဲ့ဒီတစ်ယောက်ကြောင့်လားဆိုတဲ့အတွေးတွေဝင်လာတာက အဆင်ပြေမနေဘူး!

လက်ရှိငှါးနေတဲ့ မိုတယ်ခန်း သေးသေးလေးကနေ သူအလုပ်သွားဖို့အပြင်ထွက်လာတယ်။

"ဖောင်း!"

ခေါင်းပေါ်ကျလာတဲ့ အမှုန်တွေ! ကိုယ်မှာရစ်ပတ်သွားတဲ့ ဝင်းပြောင်ပြောင်နဲ့ရောင်စုံကြိုးတွေ!

"အလုပ်ပြန်ရတဲ့အတွက် Congratulations!"

လွယ်အိတ်အမည်းလေးကို သိုင်းလွယ်ထား တဲ့ရှောင်းကျန့်ရှေ့မှာ အမည်းရောင်လူသားကရပ်နေတယ်။ ခေါင်းကိုစောင်းပြီး ပြုံးပြသေးတယ်။

စကားမပြောချင်လို့ ရှောင်ပြီးလျှောက်တော့ ဘေးကနေကပ်ပါလာတယ်။ သူ့ဆိုင်ကယ်ကြီးပစ်ချထားခဲ့ပြီး! ခပ်ပွပွဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်လုံးထိုးထည့်ပြီး လျှောက်နေတဲ့ ဝမ်ရိပေါ်က လွင့်နေရောပဲ! ဖြတ်လာခဲ့တဲ့ တစ်လျှောက်လုံးမှာ မိန်းကလေးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ဟာ ဝမ်ရိပေါ်ဆီဝေ့ဝဲနေကြတာ!

ဖြစ်နေကြလိုပုံစံမျိုးမို့အဲ့ဒါတွေကို ဝမ်ရိပေါ်ကိုယ်တိုင်ကတော့သတိမထားမိဘူး။ သူကတစ်ခုခုကိုကြည့်နေတာ။ မျက်မှန်ကြည်ကြည်အောက်က အရည်လဲ့လဲ့ ယုန်မျက်သွယ်လေးတွေကို! သူ့ကိုမြင်တိုင်း မျက်မှောင်ကြုံ့သွားတတ်တဲ့ မျက်ခုံးတန်းတွေ! ဒီနှုတ်ခမ်းကို သူနမ်းခဲ့ဖူးတယ်လို့တွေးလိုက်မိတိုင်း ကျေနပ်မှုတွေမှစိမ့်ဖြာသွားရောပဲ! ပြီးတော့ ဘယ်အချိန် ထပ်ချောင်းနမ်းရမလဲ လည်း တွေးတယ်။ နည်းနည်းလေးမှမဖြူစင်တော့တာ ကိုယ်ကိုယ်တိုင်သိ!

"အားနေတာလား"

"အားနေတယ်"

"မျက်စိနောက်တယ် ဝေးဝေးသွားပါလား! အဲ့ဒီမျက်လုံးတွေက မင်းကိုမှကပ်နေတာမဟုတ်ဖူး ငါ့ကိုဂြိုလ်သားလိုလိုနဲ့ အပိုဆောင်းစိုက်လာတဲ့ အာရုံတွေက စိတ်အနှောင့်အယှက်ဖြစ်တယ်"

"ခင်များမယ်လည်း အမြဲတမ်းနှင်လွတ်နေရတာ နည်းနည်းလေးမှမပင်ပန်းဘူးလား!"

Wind Farm||Completed!||Where stories live. Discover now