01(Unicode)

11.2K 1.1K 13
                                    

"အိပ်ချင်လိုက်တာ........"

ခေါက်ဆွဲဘူးကို ရေနွေးမရှိလို့ အခြောက်အတိုင်း နှိုက်စားနေတဲ့ ရှောင်းကျန့်ရှေ့ ယွီလန်က ခေါင်းချအိပ်ပြီး ညီးနေတယ်။ အခြေအနေတွေအားလုံး ထိန်းသိမ်းပြီးတော့ ရှစ်နာရီခွဲနေပြီ။ ယွီလန်ခေါင်းထောင်ပြီး ရှောင်းကျန့်ကို မော့ကြည့်လိုက်တယ်။

မျက်မှန်ခပ်ပါးပါးအောက် မျက်ဝန်းတွေက အိပ်ချင်မူးတူးပုံစံဖြစ်နေပေမဲ့ ခပ်စူးစူးပဲ။ အကြင်နာရိပ်တွေက သမ်းနေသေးတယ်။ ဘယ်လိုနေနေ ကြည့်လိုက်တိုင်း အေးချမ်းနေရောပဲ။

"ဟို.....စီ..စီနီယာ...ကျွန်တော်က ပေထျန်း ပါ။ မနေ့တုန်းကစပြီး အလုပ်သင်စဝင်ပါတယ်"

ပူပူနွေးနွေးခေါက်ဆွဲဗူးက အငွေ့တစ်ထောင်းထောင်းနဲ့။ သူမကိုကမ်းတာမဟုတ်တာလေးတစ်ခုပဲ။ အဲ့ဒါက ရှောင်းကျန့်ရှေ့ကိုထိုးပေးနေတာ။ အနံ့ကမွှေးလွန်းလို့ သူမဆွဲယူမလို့ ပြင်တုန်း ရှောင်းကျန့်က အဲ့ဒီဗူးကို ကောင်လေးဘက်ပြန်ထိုးပေးတယ်။

"ပင်ပန်းနေမှာပဲ။ အစာကိုဝအောင်စားပြီး အားမွေးထား"

မှိုရတဲ့မျက်နှာနဲ့ ထိုကလေးက ပြန်သွားတယ်။ အဲ့ဒါပဲ မနက်ခင်းရဲ့ နေရောင်ခြည်လေး ရှောင်းရှောင်းကျန့်! ပြုံးပြလိုက်ရင်တောက်ပလွန်းလို့နှင်းခဲတွေတောင် အရည်ပျော်သွားမလားမှတ်ရ! အလုပ်သင်ကလေးတွေက ရှောင်းကျန့်ကို သိပ်ခင်တွယ်ကြတယ်။ အမှန်တော့သူတိူ့ချည်းပဲမဟုတ်ပါဘူး။ ရှောင်းကျန့်နဲ့ ဆက်ဆံဖူးလိုက်တဲ့လူတိုင်းဟာ ရှောင်းကျန့် ကိုခင်တွယ်သွားကြတာချည်းပဲ။ သံလိုက်ဓာတ်ရှိနေတဲ့ ယောကျာ်းကလေး!

"အားယိုး...စိတ်ထားကောင်းလိုက်တဲ့ဆရာဝန်ကြီး!"

ခေါက်ဆွဲခြောက်တွေကို တဂျွမ်းဂျွမ်းဝါးနေရင်း ရှောင်းကျန့်က ရယ်တယ်။ အဲ့ဒီနေ့ရက်တွေတုန်းက ရှောင်းကျန့်ကိုယ်တိုင်လည်း တအားပင်ပန်းခဲ့တယ်။ စိတ်ရောလူပါ မသက်သာခဲ့တဲ့ အလုပ်သင်ကာလ! ဒါကြောင့် သူ့အလှည့်မှာ တတ်နိုင်သမျှကလေးတွေကို ဖိဖော့ပြီးဆက်ဆံပေးတယ်။ သူ့ကိုရှိန်ကြသလို ချစ်လည်းချစ်ကြတာ သိပေမဲ့ ဘယ်သူ့ကိုမှတော့ အရောတဝင်မနေမိဘူး။

Wind Farm||Completed!||Where stories live. Discover now