"ရှောင်းကျန့်နင်ဘာဖြစ်နေတာလဲ"
မျက်စိရှေ့က ရှောင်းကျန့်ပုံစံကနွမ်းလျနေတာပဲ။ ထင်တာမမှားဘူးဆိုရင် အဖျားငွေ့လဲ နည်းနည်းရှိနေတယ်။ ထူးခြားတာက အကွက်လိုက်ထနေတဲ့ နီရဲရဲအရာတွေပဲ။ သူမနဲ့ ရှောင်းကျန့်ခင်လာတဲ့သက်တမ်းတစ်ခုလုံးမှာ ရှောင်းကျန့်ရဲ့ဒီပုံစံကိုသူမ မမြင်ဖူးဘူး။
.......
ဘယ်လိုပြောရမလဲ! သူကိုယ်တိုင်တောင် ဘာဖြစ်သွားမှန်းမသိတဲ့ဟာကို။ ဘာမှမဖြစ်ခဲ့တာသေချာပေမဲ့ တစ်ခုခုဖြစ်ခဲ့တာလဲ သေချာနေတယ်။ တစ်ကိုယ်လုံးစပ်ဖျဉ်းနေတာက ပေါင်အတွင်းသားတွေပါမကျန်ဘူး။ 'နည်းနည်းကလေးသောင်းကျန်းမိထားတယ်။ ခင်များလူပျိုရည်တော့မပျက်ပါဘူး'။ ရှောင်းကျန့် ဆွဲထိုးပစ်မိတယ်။ ဘာသားနေနေစားမယ့် ကောင်မျိုး! ခံပြင်းတာထက် ရွံရှာတာကပိုနေတယ်။ ရေပန်းအောက် နှစ်နာရီလောက်ထိုင်ခဲ့တာတောင် ရှောင်းကျန့် သူ့ကိုယ်သူ မသတီဘူး။
"ဘာမှမဖြစ်ဖူး။ အိပ်ရေးပျက်တာတွေများလို့ နည်းနည်းအဖျားဝင်တာ!"
"ဆရာဝန်က ကိုယ့်ကိုကိုယ်လည်းဂရုစိုက်ဦး! နင်နားလိုက် ငါအစားဝင်ပေးထားမယ်"
"ကျေးဇူး ယွီလန်"
"မလိုဘူး။ အဲ့ဒီအစားဆေးသောက်ပြီး အိပ်နေတော့!"
......
"တောင်!"
စောင်ကိုဆွဲခြုံပြီးလဲမယ်ကြံခါမှပဲ ဖုန်းထဲ ဝင်လာတဲ့ message!
အဲ့..အဲ့ဒါက..!!!!
(ဘဲကြီး! ခင်များက အရသာသိပ်ရှိ!")
ဖုန်းကိုပိတ်ပစ်ပြီး ပစ်လှဲချလိုက်တယ်။ သူ့မှာဘယ်လိုဝဋ်ကြွေးတွေများပါလာသလဲ!
.........
Received ဖြစ်သွားတဲ့ စာနဲ့ဓာတ်ပုံကိုကြည့်ပြီး ရိပေါ်က နှစ်နှစ်ရရကိုုပြုံးပစ်တယ်။
ပုံထွက်အလင်းရောင်သိပ်မကောင်းပေမဲ့ ရှောင်းကျန့်လည်ပင်းကြားထဲ နှစ်နေတဲ့ ရိပေါ်ခေါင်းကတော့ပီပီပြင်ပြင်ပဲ!
"ပြုံးနေတာပဲ ဝမ်ရိပေါ်"
ဟုတ်တယ်။ ပြုံးနေတယ်။ အဲ့ဒါမင်းအပူပါလား!
ကျန့်ခိုင်ကိုစိတ်ထဲကနေလှမ်းဆဲတယ်။ ဒါပေမဲ့ ပျော်နေတာကိုတော့ဖုံးမရဘူး။ တကယ်ပျော်စရာသိပ်ကောင်း! အဲ့ဒီလိုမရည်ရွယ်ပေမဲ့ အဲ့ဒီလိုဖြစ်သွားတယ်။ လက်ထဲခွေကျလာလို့လန့်သွားပေမဲ့ သတိမေ့တာလဲ မဟုတ်ပဲ အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်သွားတာ! ဟား! ပြန်တွေးပြီး.ရီချင်တာ ပါးစပ်ကစိမရဘူး။