15

12.4K 1.7K 87
                                    

Social media ပေါ်မှာ တစ်ခါတစ်ရံသာမြင်ဖူးသော၊ မြင်လိုက်တိုင်းလည်း တအံ့တသြဖြစ်မိသော၊ တစ်သက်လုံး တစ်ခါမှ ဒီလိုခံရဖူးမယ်မထင်ခဲ့တာ။ လူတွေက ဒီလိုဖြစ်အောင် ကိုက်နိုင်ကြတယ်လား!

နှုတ်ခမ်းတွေယောင်နေလို့ ရှောင်းကျန့် မနက်စာကိုတောင် ပါးစပ်ဖြဲပြီးစားနေရတယ်။ အထိမခံနိုင်ဘူး။ လည်ပင်းဆိုကျိုးကျတော့မလိုပဲ။ ရဲနေပုတ်နေတဲ့ အကွင်းလိုက်အကွက်လိုက်တွေက တကယ်မြင်မကောင်းအောင် ပွထနေတာ။ ခွေးကောင်!!!!

သက်ပြင်းချလိုက်မိတယ်။ တော်သေးတယ်။ ဘာမှဆက်မဖြစ်သွားလို့! ဘောင်းဘီထဲအထိ တိုးဝင်လာတဲ့လက်ကိုပြန်သတိရပြီး ရှောင်းကျန့်တုန်ကနဲ ဖြစ်သွားတယ်။ အဲ့ဒီဟာက ကြောက်စရာကောင်းတယ်။ ဝမ်ရိပေါ်က တကယ်မီးခဲ!

ရှောင်းကျန့်အလုပ်မသွားရဘူး။ အိမ်ပြန်ခွင့်လည်းမရှိဘူး။ သူ့ကို အကျယ်ချုပ်ချထားခဲ့တဲ့ ဝမ်ရိပေါ်လည်း မရှိဘူး။ လုပ်ချင်သလိုလုပ်ပြီး ပစ်ချသွားတဲ့ ကျက်သရေတုံး!

ရှောင်းကျန့်ကိုင်ထားတဲ့ ခက်ရင်းကို ဒုန်းကနဲ စားပွဲပေါ် စိုက်ချပစ်လိုက်တယ်!

..........

ကျန့်ခိုင်ဝမ်ရိပေါ်ကိုကြည့်နေတယ်။ ဖြူဖြူသန့်သန့်ကလေးဖြစ်တဲ့ ဝမ်ရိပေါ်က ဘယ်လိုနေနေ ကြည့်လို့တအားကောင်းတာ။.အခုတော့ ကျောပြောင်ပြောင်မှာ ချွေးတရွဲရွဲနဲ့! အင်္ကျီအဖြူကသူကိုယ်တိုင်ဆွဲဖြဲပစ်လိုက်တာ။ ကနေတာ နှစ်နာရီကျော်နေပြီ။ ကလေးတွေဆိုသူ့နောက်မလိုက်နိုင်တော့လို့ ကြမ်းပြင်ပေါ်မှာ ပိုးလို့ပက်လက်တွေဖြစ်ရော! ဘာဖြစ်လာလို့ မနက်မလင်းခင်ကတည်းက ရောက်ချလာပြီး ကခွဲနေရတာတုန်း!

..........

အဆမတန်ခုန်နေတဲ့ရင်ဘတ်က တအားမောနေလို့! ဒီလောက် မောနေတာတောင် ရိပေါ်အာရုံထဲက အဲ့ဒီမျက်နှာက ပျောက်မသွားသေးဘူး။ မှိန်းမောနေတဲ့ မျက်ဝန်းတွေ! သူရူးတော့မှာလား! အချိန်မှီတပ်ပြန်ဆုတ်နိုင်ခဲ့တာကို ကိုယ့်ကိုကိုယ်ကျေးဇူးတင်လို့မဆုံးဘူး။ စိတ်ထင်တိုင်းသာ လုပ်ပစ်ခဲ့မိရင် ရှောင်းကျန့်က သူ့ကိုမုန်းသွားတော့မှာ။ မြင်နေရင် လိုချင်မိမှာစိုးလို့ ရိပ်ါထွက်ပြေးလာရတာ အခုထိ အဲ့ဒီစိတ်ရိုင်းတွေက ရုန်းကြွနေတုန်း! သေတော့မှာပဲ!!!!!

Wind Farm||Completed!||Where stories live. Discover now