14(Unicode)

8.2K 968 22
                                    

ရှောင်းကျန့်နှစ်ငုံပဲသောက်လိုက်ရသေးတဲ့ အချိုရည်ဘူးလေးက ရေငွေ့နဲ့ ရေစက်သေးသေးလေးတွေသီးနေတယ်။ အိပ်ဆေးပျော့ပျော့ကလေးခပ်ခဲ့တာ ဖြစ်ပေမဲ့ ပင်ပန်းနေတဲ့ ရှောင်းကျန့်က တစ်ချိုးတည်းအိပ်ပျော်သွားတယ်။ အခန်းတွင်းလေထုက ဆိတ်ဆိတ်ငြိမ်ငြိမ်။ ကုကုက သူ့အိမ်လေးထဲ ပြန်ဝင်ခွေနေပြီ။ သူကအချိန်ရှိသရွေ့ အဲ့ထဲမှာပဲ! အဖြူရောင်တံခါး ပိတ်ချထားတဲ့နောက်မှာ အိပ်ခန်းတစ်ခုရှိတယ်။ ရိပေါ်ရဲ့ အခန်းတစ်ခုလုံးဟာ အိမ်တစ်လုံးကို အခန်းဖွဲ့ထားတဲ့ စနစ်မျိုးမို့ သူ့အခန်းတွင်းမှာပဲ ဧည့်ခန်းကျယ်နဲ့ တစ်ပါတည်း အိပ်ခန်းပါရှိနေတာ။

ရိပေါ်က မိန်းမတွေကိုကြိုက်တယ်။ ကျန့်ခိုင်က စိတ်မဝင်စားဘူး။ အခုတော့ သူက အတုံးတကာ့ထိပ်ခေါင် ဘာချို့ယွင်းချက်မှရှိမနေတဲ့ ယောကျာ်းတစ်ယောက်ကိုလိုက်နေတယ်။ ကျန့်ခိုင်ကတော့ သူ့ပျိုမဒီနဲ့! ကံကြမ္မာဆိုတာကို ရိပေါ် ပထမဆုံး ချီးကျူးမိတာပဲ။ တကယ်တော်တဲ့ဇာတ်ဆရာ။

သူ့ဘဝမှာ သူ့ကုတင်ပေါ်တက်နေတဲ့လူကို ဒီလောက်တစိမ့်စိမ့်ကြည့်ပြီး ဘာက ကြည်နူးခြင်းလဲဆိုတာကို သိသွားရမယ်လို့ တစ်ခါမှမထင်ခဲ့ဘူး။ အိပ်ရာပေါ်အတူတက်တဲ့ အဖော်မှန်သမျှဟာ ရိပေါ်အောက်မှာ လူးလှိမ့်ခဲ့ရတာချည်း။ အခုတော့ အဲ့တစ်ယောက် က သူ့ဘေးမှာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လို့။ ပြီးတော့ သူက လက်နှစ်ဖက်ပိုက်ပြီး တစ်စောင်းလဲနေတာကို လှုပ်လှုပ်ရွရွတောင်မလှုပ်မိအောင်သတိထားနေတာ။

သူကငယ်သေးတယ်။ ပြီးတော့ အနာဂတ်ပျောက်နေတဲ့ လူမဟုတ်ဖူး။ ရူးရူးမိုက်မိုက်လို့ခေါင်းစဉ်မတပ်ချင်ဘူး။ ဘာလို့ဆို ရိပေါ်ဘဝမှာ ရူးမိုက်တာတွေ အများကြီးလုပ်ခဲ့ဖူးလို့။ ပိုင်ဆိုင်ချင်တယ်။ ကာကွယ်ပေးချင်တယ်။ သိမ်းထားချင်တယ်။ အထူးအဆန်းခံစားချက်တွေက ဒီလူနဲ့မှပေါ်လာတာမို့ ဒါဟာ နည်းနည်းလေးမှ ရူးမိုက်တဲ့အလုပ်မဟုတ်ဖူး။ ဘယ်အချိန်ထတွေးတွေး သူဘယ်တော့မှ နောင်တမရခဲ့တာမို့....နောက်ဆုတ်ပစ်လိုက်ဖို့..ရပ်ပစ်လိုက်ဖို့....ဆိုတာမျိုးလည်း ဘယ်တုန်းကမှမရှိခဲ့ဘူး။

Wind Farm||Completed!||Where stories live. Discover now