20(Unicode)

7.6K 823 14
                                    

"Radiation therapy အတွက် Linac ကိုရွေးထားတယ်။"

ဖန်းစူးယိက သွေးကင်ဆာရောဂါကုဆရာဝန်။ သူ့အသက်လေးဆယ်အတွင်း သွေးကင်ဆာရောဂါအမျိုးမျိုးကိုသူကုခဲ့ဖူးတယ်။ အသက်ရှင်သွားတာတွေရှိသလို..ထွက်ခွာသွားကြရတာလည်းအများကြီး။ ထျန်းရှင်းမှာသူ့ကိုမာနကြီးတဲ့ဆရာဝန်လို့ခေါ်ကြတယ်။ သေဆုံးခြင်းပေါင်းများစွာကို လက်တွေ့ကြုံရတာများလာတဲ့အခါ သူဘာကိုမှမတုန်လှုပ်မိတော့ဘူး။ ဒီလိုနဲ့ပဲ သူဟာအလိုလို အေးစက်စက်လူတစ်ယောက်ဖြစ်သွားခဲ့တာပဲ။

ရှောင်းကျန့်က AML အမျိုးအစား သွေးကင်ဆာကိုခံစားနေရတာ။ Acute myeloid leukemia လို့ ဖန်းစူးယိတို့ခေါ်တဲ့ အဲ့ဒီရောဂါက ခပ်မြန်မြန်ပဲ ကိုယ်တွင်းသွေးနီဥတွေထုတ်လုပ်နိုင်မှုကို လျော့ချပစ်တဲ့ရောဂါမျိုး။ AML အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ Stem cell ကိုလုံးဝ လှယ်ပစ်လိုက်တာပဲ။ သုံးလအတွင်းကုသမှုမခံယူနိုင်ရင် စူးယိလည်း ဘာမှတတ်နိုင်မှာမဟုတ်ဖူး။ Chemotherapy ကြောင့် ရှောင်းကျန့်က ဘာမှမစားနိုင်ပဲ မူးလိုက်အန်လိုက် ဖြစ်နေပေမဲ့ အဲ့ဒီကင်ဆာဆေးရဲ့ side effect ကို လုံးဝကြံ့ကြံ့ခံနိုင်နေတယ်။ ဒါ့ကြောင့် ဓာတ်ကင်ဖို့ပါ သူရွေးချယ်လိုက်တယ်။ အဲ့ဒီမှာ ဝမ်ရိပေါ်နဲ့စတွေ့တာပဲ။

...........

"ထွက်သွား"

ဒီတစ်ပတ်လုံး သူ့ကိုမြင်ရင် ရှောင်းကျန့်ပြောတဲ့စကား။ လက်ကောက်ဝတ်မှာ အသေတပ်ထားတဲ့ ဆေးသွင်းပိုက်ကြောင့် ရှောင်းကျန့် လက်ဖျားလေးတွေယောင်နေတယ်။ ပါလာတဲ့ ချိုင့်တွေ ဟင်းဗူးတွေကိုအသာချပြီး စူးယိပြထားတဲ့ မောနီတာကိုဝင်ကြည့်လိုက်တယ်။ WBC amount ကျမသွားဘူး။  သွေးနီဥအရေအတွက်ကလည်း တိုးမလာသလို လျော့လည်းမသွားသေးတာကြောင့် ဝမ်ရိပေါ် စိတ်သက်သာရာရသွားတယ်။

"ကျွန်တော် ထမင်းကျွေးမယ်နော်"

"ဝမ်ရိပေါ်"

ရှောင်းကျန့်မျက်ဝန်းအိတ်လေးတွေ ကညိုနေတယ်။ မျက်နှာက ကင်ဆာဆေးရှိန်ကြောင့် တော်တော်ကြည့်ရဆိုးဆိုးပဲ အမ်းနေတယ်။  ရှေ့ကိုဆို တစ်ပတ်ကို ငါးရက် ဓာတ်ကင်ရတော့မှာမို့ ရှောင်းကျန့်က အားရှိနေမှဖြစ်မှာ။

Wind Farm||Completed!||Where stories live. Discover now