21(Unicode)

8.1K 848 37
                                    

ဝေပေါ်မှာ ကျန့်ခိုင် Follow လုပ်ထားတဲ့ သူက နည်းနည်းလေးရယ်။ ဖွင့်လိုက်တာနဲ့ ပေါ်လာတာက ဝမ်ရိပေါ်ရဲ့ post ကြီး။ သူကဒီတစ်ပုံတည်းတင်ထားတာ။ caption က ခပ်ဆန်းဆန်းလေး။ အသည်းနှလုံးတစ်ခုနဲ့ ဖူးစတော့တစ်ခုနဲ့။ ကျန့်ခိုင်ခေါင်းရမ်းလိုက်တယ်။ ဝမ်ရိပေါ်တော့ ပြန်တ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဝေပေါ်မှာ ကျန့်ခိုင် Follow လုပ်ထားတဲ့ သူက နည်းနည်းလေးရယ်။ ဖွင့်လိုက်တာနဲ့ ပေါ်လာတာက ဝမ်ရိပေါ်ရဲ့ post ကြီး။ သူကဒီတစ်ပုံတည်းတင်ထားတာ။ caption က ခပ်ဆန်းဆန်းလေး။ အသည်းနှလုံးတစ်ခုနဲ့ ဖူးစတော့တစ်ခုနဲ့။ ကျန့်ခိုင်ခေါင်းရမ်းလိုက်တယ်။ ဝမ်ရိပေါ်တော့ ပြန်တက်မရတဲ့ ချောက်ထဲ ကျနေခဲ့ ပြီပဲ။

.......

ရှောင်းကျန့်မသိတဲ့ တစ်ဖက်မှာ ဝမ်ရိပေါ်က လူငယ်တွေကြားမှာ လူပြောများတဲ့ ကောင်ငယ်လေးတစ်ယောက်မို့ ရိပေါ်လုပ်သမျှအရာတိုင်းဟာ စောင့်ကြည့်ခံအမျိုးအစားထဲမှာပါတယ်။ social media မှာ တင်လိုက်တဲ့ ပုံလေးတစ်ပုံကလည်း လူတွေ အထူးသဖြင့် မိန်းကလေးတွေတော်တော်များများကိုရိုက်ခတ်စေတယ်။ မကြာခင်ကပဲ စေ့စပ်ပြီးသွားတဲ့ ဝမ်ရိပေါ်ကို သူတို့ အခုထိ လက်မလွတ်နိုင်ကြသေးဘူး။ လက်ထပ်ပြီးသွားရင်တောင် မသေမချင်း အချိန်မရွေး ကွဲနိုင်တာပဲ ဆိုတဲ့ မိန်းကလေးတွေမှအများကြီး။

ပြဲရာပေါင်းသောင်းခြောက်ထောင်ပေါ်က အပ်ဖာရာကလေးတွေက အဲ့ဒီအသိုင်းအဝိုင်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေတယ်။ ဘာစာတစ်လုံးမှမပါတဲ့ ချစ်စနိုး caption ကြောင့် အသည်းတွေ ခွမ်းကနဲ ကွဲသံပါကြားရသလိုပဲ။ ရိပေါ်က ရှယ်လီဆိုတဲ့ မိန်းကလေးကိုသိပ်ချစ်တာပဲနော် လို့သူတို့ပြောကြတယ်။ ရိပေါ်နဲ့ ရှယ်လီ့ကို သိပ်ချစ်စရာကောင်းတဲ့ စုံတွဲကလေးအဖြစ် ချီးမွမ်းခန်းဖွင့်ကြတယ်။

တရိပ်ရိပ်တက်နေတဲ့ comment တွေကိုကြည့်ပြီး ရှယ်လီက ပြုံးတယ်။

သူမ ဘယ်တုန်းကမှ ဒါကိုမလုပ်တတ်ခဲ့ဖူးဘူး။

.......

Wind Farm||Completed!||Where stories live. Discover now