09(Unicode)

7.5K 981 15
                                    

ယွီလန်နဲ့ ကျန့်ခိုင်က အတွဲတွေဖြစ်သွားတယ်။ နဂျီကောင်ကို ယွီလန်လည်း အဆုံးမငြင်းနိုင်တော့ဘူးထင်ပါရဲ့။ဒီရက်ပိုင်းတွေမှာ ရှောင်းကျန့်ဘေးမှာ အမြဲတမ်း တောက်တဲ့ ဖြစ်နေတဲ့ ဝမ်ရိပေါ်အရိုင်းတုံးကိုတွေ့ရတတ်တယ်။ ရှောင်းကျန့်လက်မှာ လက်ပတ်ကလေးတစ်ခုရှိတယ်။ ဆရာဝန်တွေ ဘာမှမဝတ်ရဘူးဆိုပေမဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က နာရီနဲ့တွဲပြီး အဲ့ဒါကိုပတ်ထားရတယ်။ ကလေးဆန်ဆန်စာသားကလည်း ပါသေးတယ်။ တောင်းပန်တာလက်ခံရင် ဝတ်ထားဆိုလို့ ဘီလူးဆိုင်းတီးနေတဲ့ ဝမ်ရိပေါ်ကို မငြင်းနိုင်တဲ့အဆုံး ငြိမ်ငြိမ်သက်သက်ပဲ ဝတ်ပေးထားလိုက်တော့တယ်။ ရှောင်းကျန့် နားပူမခံနိုင်ဘူး။

ဒဏ်ရာက ကြီးကြီးမားမား ဖြစ်သွားတာမို့ တစ်ပတ်လောက်ခွင့်ယူလိုက်ရသေးတယ်။ အတင်းကာရော လူနာစောင့်လုပ်ချင်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ကောင်းကောင်းမွန်မွန်နားအေးပါးအေးတောင် နေမကောင်းမဖြစ်လိုက်ရဘူး။ ရှုပ်လွန်းတယ်။ ဗြောင်းတောက်သွားတဲ့ အိမ်ကိုမြင်တိုင်း ရှောင်းကျန့် သွေးတက်မတတ်ပဲ။ နေမကောင်းတဲ့ ကြားကနေ ရိပေါ်ကိုသည်းမခံနိုင်တော့တဲ့အဆုံး အထုပ်ဆွဲဆင်းမယ်ပြင်တော့ သူ့အိမ်ကြီးအိမ်ကောင်းအထိဆွဲခေါ်ဖို့ပြင်တယ်။ ဘာလို့လိုက်ရမှာလဲ!

.............

အိမ်ကျဉ်းကျဉ်းကလေးမှာ ရိပေါ်အသားကျဖို့ မနည်းကြိုးစားရတယ်။ အသက်ရှူတာတောင် မဖြောင့်ဘူး။ လူတစ်ကိုယ်စာပဲဆန့်တဲ့ အိမ်က ယုန်တွင်းလေးလိုပဲ။ ပါလာတဲ့အထုပ်တွေကိုစားပွဲပေါ်ချလိုက်တယ်။ ရှောင်းကျန့်အိမ်က ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း အတွက် အခန်းကျယ်တစ်ခန်းပဲရှိတာ။ သန့်စင်ခန်းနဲ့ပါပေါင်းမှ တစ်အိမ်လုံးမှာ နှစ်ခန်းတည်း။ ဘာပစ္စည်းမှလည်းများများစားစားမရှိဘူး။ သေးသေးပုစု ပန်းအိုးကလေးတွေတင်ထားတဲ့ စာကြည့်စင်တန်းကလေးကပဲ တစ်အိမ်လုံးမှာ ကြည့်ပျော်ရှုပျော်ရှိတာ။ ဒါပေမဲ့ အကုန်လုံးက သူ့နေရာနဲ့သူ သပ်ရပ်နေတာပဲ။ ရှောင်းကျန့်တစ်အိမ်လုံးမှာ ရိပေါ်စိတ်အဝင်စားဆုံးက ရောင်စုံအပ်ချည်လုံးတွေရှိတဲ့ တစ်ထွာလောက်မြင့်ပြီး လက်ဖဝါးနှစ်ခုစာလောက်ရှိတဲ့ အပ်ဗူးကြီးပဲ။ တစ်ခါလောက် ရှောင်းကျန့်အပ်ကိုင်နေတာကို သူမြင်ဖူးချင်တယ်။

ရိပေါ်မျက်စိရှေ့က ကုတင်ပေါ်မှာ ရှောင်းကျန့်က ကွေးကွေးကလေးအိပ်နေတာ။ Hoodie ခဲရောင် ကလေးနဲ့။ နားရွက်ဖျားတွေက နုနုထွေးထွေး။ ညှပ်ရိုးတွေကလည်းလည်ပင်းပေါက်ကတစ်ဆင့်မြင်နေရသေးတယ်။ စိတ်ရှိတိုင်းဆို တက်ခွပြီးပြီ။ ဘယ်နားကမှ မိန်းမမဆန်ပေမဲ့ ရိပေါ်ဆေးစွဲသလိုစွဲနေပြီ။ ဒီလူကို သူက ဦးဆောင်ချင်နေတဲ့ စိတ်ကိုထိန်းမရဘူး။

ဘဝမှာ ပထမဆုံးအနေနဲ့ ယောကျာ်းတစ်ယောက်ကို စောင့်ရှောက်ချင်မိတာပဲ။

........

"Yibo's"

ယွီလန်က ခွိကနဲရယ်တယ်။ ရှောင်းကျန့်က accessory တွေမကြိုက်ဖူး။ နာရီတစ်လုံးကိုပဲ လက်မှာအမြဲတွေ့ရတာ။ လူငယ်ဘဝမှာတောင် မမြင်ခဲ့ရတဲ့ ငွေဖြူလက်ပတ်ကလေးကို ရှောင်းကျန့်လက်မှာတွေ့ရတော့ ယွီလန် အံ့သြလို့မဆုံးဘူး။ ပြစမ်း ဆိုပြီးကြည့်တော့ အပြားသေးသေးကလေးတစ်ခုပါတဲ့ လက်ပတ်ကလေး။ ခပ်စောင်းစောင်းစာကလေးက "Yibo's" တဲ့ ။ ပြီးတော့ အသည်းပုံနဲ့ အစက်တစ်စက်ကပါသေးတယ်။ တစ်လက်လက်တောက်နေတဲ့ အစက်ကလေးက စိန်လုံးကလေး!။

"နင်သူငယ်ပြန်သွားတာလား"

"သူငယ်ပြန်နေတဲ့ အကောင်က ပတ်ပေးသွားတာ"

ကော်ဖီခွက်ကိုဖြည်းဖြည်းချင်းမော့နေတဲ့ ရှောင်းကျန့်မျက်နှာက ခပ်ရဲရဲရယ်။

"ငါ့အညိုဆင်လေးက ရင်ခုန်ဖက်ကလေးတွေ့နေပြီပေါ့"

"နင်ပဲခုန်! ယောကျာ်းတစ်ယောက်ကို ငါက ဘယ်နေရာသွားခုန်ရမှာလဲ"

"နင်မခုန်ပေမဲ့ တစ်ယောက်ယောက်ကတော့ နင့်ကိုသူ့အပိုင်တအားလုပ်ချင်နေပြီ။ ဥပမာ နင့်နောက်က ပုံစံမျိုးလေးပေါ့"

ရှောင်းကျန့်နောက်လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ကြီး!!

ချီးပဲ!

"လာကြိုတာနေမှာနော်။ ညနေစာစားချိန်ရောက်ပြီဆိုတော့ ဂရုစိုက်နေတာပေါ့..အော်...ရည်းစားငုတ်တုတ်နဲ့ငါတောင် ဒီလောက်မရိုရသေးဘူး"

ကန်တင်းက တစ်ဖက်ခုံမှာ ထိုင်ရင်း သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်က ဖြတ်ကနဲ ဘယ်ဘက်မျက်လုံးကို မှိတ်ပြတယ်။

ဒီကောင် မျက်ကြောလိုက်နေတာလား!!

.,......

Wind Farm||Completed!||Where stories live. Discover now