18

11.6K 1.7K 128
                                    

လူသိပ်များတဲ့ခန်းမထဲမှာ အသက်ရှူကြပ်လာတာမို့ ရှောင်းကျန့်အပြင်ကိုထွက်လာခဲ့တယ်။ နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ရှောင်းကျန့်တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးတတ်လာတယ်။ ဒါပေမဲ့ အဲ့ဒီချစ်ခြင်းမှာ ဘာအရောင်မှမပါခဲ့ဘူး။ ပိုင်ဆိုင်ရမှရယ်လို့မဟုတ်ဖူး။ အနားမှာမရှိလဲ ဖြစ်တယ်။ ရှောင်းကျန့်က ဒီအတိုင်းလေး မြတ်နိုးချင်ရုံပဲ။ သိပ်သဘောကျတဲ့ ဘဲရုပ်ဆိုးကလေးကို စင်ပေါ်တင်ထားပြီး နေ့တိုင်းထိုင်ကြည့် ပြုံးမိချင်တာမျိုး။ သူမရှိပဲ အဆင်ပြေတဲ့အတိုင်းအတာထက်ကိုလွန်နေပြီးသားလူတစ်ယောက်အတွက် သူဘာမှကွက်လပ်ဝင်ဖြည့်စရာမလိုတော့ပါဘူး။

..........

"လိပ်ပြာလုံလုံနဲ့ ထိုင်နေနိုင်သေးတာလား"

စီးကရက်တစ်လိပ်က သူထိုင်နေတဲ့ နေရာနားပစ်ကျလာပြီး ခြေထောက်တစ်ဖက်က ဖိနင်းခြေလိုက်တယ်။ အဲ့ဒါကျန့်ခိုင်ပဲ။ ဘေးဆံပင်တွေကို ရှိတ်ထိုးထားလို့ ကြည့်ရဆိုးအောင်ပြောင်သလင်းခါနေပေမဲ့ အဲ့ဒါယွီလန် လက်ချက်မှန်းသိတော့ ရှောင်းကျန့်ပြုံးမိသွားတယ်။ ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေး!

"ဒီအထိလိုက်လာခဲ့တာ တအားမျက်နှာပြောင်တာပဲနော်။ ခင်များကို ဆရာဝန်တစ်ယောက်မို့ ဒီလောက်အောက်တန်းမကျဘူးထင်ထားတာ။"

ပြောနေတာတွေကိုဘာမှလည်းနားမလည်တာမို့ ရှောင်းကျန့်မတုံ့ပြန်ဘူး။ တုံဏှိဘာဝေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး ကျန့်ခိုင်က ပိုစိတ်တိုလာသလိုပဲ။

"ရိပေါ်က အရေးစိုက်စရာမဟုတ်တာတွေကိုခင်များနဲ့တွေ့မှလုပ်တတ်လာတာ။ ခင်များနဲ့ ပြိုင်ကွင်းမှာ ပြဿ     နာတက်ခဲ့တဲ့လူတွေ ဘာဖြစ်သွားလဲ နည်းနည်းပါးပါးစုံစမ်းကြည့်ဖူးလား။ လုပ်ဖူးမှာလဲမဟုတ်ပါဘူး။ ခင်များက ကြာပန်းဖြူလေးလိုနဲ့ နောက်ကွယ်က မျက်နှာကိုသိနိုင်တဲ့လူမျိုးမှမဟုတ်တာ။"

"...."

"ခင်များလက်ထပ်တော့မယ်ကြားတာနဲ့ ရိပေါ်က ဒီစေ့စပ်ပွဲကို အမြန်ဆုံးစီစဉ်ခဲ့တာ။ ခင်များကိုသူတားလို့မရမှန်းသိလို့"

Wind Farm||Completed!||Waar verhalen tot leven komen. Ontdek het nu