ဆေးရုံကလူတွေရဲ့မျက်နှာဟာ ကွက်ကြည့်ကွက်ကြည့်နဲ့! ရှောင်းကျန့်ကိုမြင်ရင် အချင်းချင်းလက်တို့ပြီးတစ်ခုခုပြောကြတယ်။ အဲ့ဒီလိုဖြစ်နေတာနှစ်ရက်ရှိပြီ။ ဘာကြောင့်မှန်းလဲ ရှောင်းကျန့်မသိဘူး။ မနက်ကဆို သူဆေးသွင်းပေးနေကျလူနာကောင်လေးရဲ့အမေက သူ့သားကိုဆေးသွင်းပေးစရာမလိုကြောင်း၊ နောက်ဆရာဝန်ကသွင်းပေးသွားပြီဖြစ်ကြောင်း မျက်နှာထားတင်းတင်းနဲ့ပြောတာခံလိုက်ရတယ်။
"စီနီယာ"
ဆေးဘူးတွေစီနေတဲ့သူ့နားကို ကောင်လေးတစ်ယောက်လာရပ်တယ်။ ရှောင်းကျန့်သူ့ကိုမှတ်မိတယ်။ ခေါက်ဆွဲဘူးလာပေးတဲ့ အလုပ်သင်လေး!
"ကျွန်တော်က စီနီယာကိုယုံပါတယ်။ စီနီယာဘယ်လိုလူပဲ ဖြစ်ဖြစ် အမြဲတမ်းလေးစားပါတယ်။ "
ပြောတာတွေကို ရှောင်းကျန့်နားမလည်ဘူး။ သူကဘာဖြစ်နေလို့လဲ?
"ဒါပေမဲ့ ဒါတွေက တကယ်မဟုတ်ဖူးမလားဟင်"
ထိုးပေးလာတဲ့ စမတ်ဖုန်းလေး!
သတင်းခေါင်းစီးက ထျန်းရှင်းက လိင်တူချစ်ကြိုက်တဲ့ ဆရာဝန်တစ်ယောက်အကြောင်း! တစ်ဖက်လူရဲ့ မျက်နှာကိုမမြင်ရပေမဲ့ ရှောင်းကျန့်ရဲ့ မျက်နှာကတော့ပီပီပြင်ပြင်ပဲ မြင်ရတယ်။ အိပ်ယာပေါ်ကပုံတွေ။ ဟိုတစ်ခါက ဝမ်ရိပေါ် ပို့ခဲ့တဲ့ပုံတွေလို! ဒီတစ်ခုမှာတော့ သူမမြင်ဖူးတာတွေပါ ပါတယ်။
ခေါင်းထဲ အသံအကျယ်ကြီးမြည်သွားပေမဲ့ ရှောင်းကျန့် စိတ်ထိန်းလိုက်တယ်။
"တီတီ"
"Hello!"
"ရှောင်းကျန့် နင့်ကိုဆေးရုံအုပ်ခေါ်နေတယ်"
ထွက်ချင်လာတဲ့ချွေးတွေကိုခပ်ဖိဖိသုတ်ချလိုက်တယ်။ အဲ့ဒါပေါ့! စစ်မျက်နှာဆိုတာက!
..........
"ဟေ.း..မကြီး...ဟိုလူရော?"
ကျန့်ခိုင်က လွတ်လွတ်လပ်လပ်နှောင့်ယှက်ခွင့်ကိုရနေတယ်။ ရှောင်းကျန့်က ယွီလန်ကို အိမ်ပြန်လိုက်မပို့နိုင်တော့ဘူး။ ကလိစရာလူမရှိတော့ ရိပေါ် ပျင်းတယ်။ တကူးတကလိုက်လာပြီး မေးတော့လဲ အဖက်မလုပ်ပြန်ဘူး။ အဲ့ဒီဆရာဝန်တွေအကုန်လုံးက ဘုရားဖြစ်မယ့်အုတ်နီခဲတွေမို့ သောက်ခန္ဓီပါရမီနဲ့ ဘဝဆက်တိုင်းပြည့်စုံနေကြတာလား?