"ခင်များမလာရင် အကုန်ရိုက်ခွဲမှာနော်"
ဝင်လာတဲ့ message ကိုကြည့်ပြီး ရှောင်းကျန့်ခေါင်းတွေကိုက်ကုန်တယ်။ ဘယ်လိုဟာလဲ! တစ်ဖက်လူက ဒီလောက်တောင် မလိုလားကြောင်းပြနေတာကို ဘယ်လိုတောင် မျက်နှာပြောင်တိုက်နေတာလဲ?
"သွားလိုက်! မနေ့တုန်းကလိုဖြစ်နေမယ်"
ယွီလန်က သူ့လက်ထဲက ဖုန်းကိုစောင်းကြည့်ပြီး ဆိုတယ်။ မနေ့တုန်းက..အင်း..မနေ့တုန်းကလည်း ဒီလိုပဲ! မနေ့ရဲ့ တစ်နေ့တုန်းကလဲ ဒီလိုပဲ။ ဝမ်ရိပေါ်ဆိုတဲ့ ကောင်က ရှောင်းကျန့်ကိုဘာဖြစ်စေချင်နေတာလဲ?
စိတ်ပျက်လက်ပျက်နဲ့အောက်ထပ်ကိုဆင်းလာတယ်။ reception ကောင်တာမှာ ရှောင်းကျန့်ရဲ့ ကျက်သရေတုံးက ခြေနှစ်ဖက်တွဲလောင်းချပြီးတက်ထိုင်နေတယ်။ ပါးစောင်က ပီကေက ထုံးစံအတိုင်း တဖောက်ဖောက်နဲ့။ နပ်စ်မလေးတွေကို ငဲ့ကြည့်ပြီး.အထာကပေးနေသေး။ အဲ့ဒါတွေကို စိတ်ပျက်တာပဲ! စည်းမရှိ ကမ်းမရှိ အရှက်မရှိ သောက်ကျင့်တစ်စက်မှမကောင်း!
"Ho...~ လာပြီပဲ"
"...."
"သွားစရာရှိတယ်။ ခင်များကိုခေါ်ဖို့စိတ်ကူးပေါက်လာလို့"
"မအားဘူး"
"အားတယ်တဲ့! ဆေးရုံအုပ်ကပြောတယ်"
သောက်အဖိုးကြီး!!!
"ကျန့်ကျန့်!"
ရုတ်တရက်ပဲ သူ့ဂျူတီကုတ်ကို လက်သေးသေးလေးတစ်ဖက်ကလာဆွဲတယ်။
"အယ်...မေလင်းလေး"
လက်ကနဲ ဖြစ်သွားတဲ့အပြုံးတွေနောက် ဝမ်ရိပေါ် ငေးကနဲပါသွားတယ်။
ရှောင်းကျန့် ဒူးထောက်ထိုင်ချလိုက်တော့ ကလေးမလေးနဲ့ အရပ်ညီသွားတယ်။ ရှောင်းကျန့်ပါးလေးတွေကို.ကိုင်ပြီး ကလေးမလေးကပြုံးတယ်။
"ကျန့်ကျန့်ကိုမျှော်နေတာ"
"ညနေမှလာမလို့! ပေါင်မုန့်စားမယ်မလား!ဝယ်ခဲ့မယ်နော်"
"အွန်း! နှစ်ခုနော်"
"ဆယ်ခုလည်းရတယ်။ စားပိုးနင့်အောင်စားဖို့ ဒီက အစ်ကိုချောက ကိုယ်တိုင်ဝယ်ပေးလိုက်မယ်။ အခုတော့ မင်းဆရာဝန်ကို ငါခဏ ငှါးမယ်"