11(Unicode)

7.5K 935 14
                                    

ခြေချော်လက်ချော်နဲ့ ဝင်ခွင့်ရသွားတာလေ! ဘယ်သူကရော ဆရာဝန်လုပ်ချင်တယ်များပြောနေလို့လဲ!

ရှောင်းကျန့်ကို တုံ့ပြန်လာတဲ့ပုံကအဲ့ဒီလို။ ဖင်လုံးလုံးကို တဘတ်ဘတ်မြည်အောင်ရိုက်ပစ်ချင်မိတာပဲ။ ဝမ်ရိပေါ်က သောက်ကျင့်ကလေးဆိုးပြီး ကလေးကြီးလိုဖြစ်နေပေမဲ့ ရှောင်းကျန့် တစ်ခါတလေ အူယားတယ်။ သူ့ပုံစံက အရောင်းဆိုင်တွေဆီက နှုတ်ခမ်းဆူနေတဲ့ ဘဲရုပ်ဆိုးကြီးလိုပဲ။ တစ်နေ့ကရှောင်းကျန့်တောင်တစ်ရုပ်ဝယ်လာသေးတယ်။

မလုပ်တာလည်းကောင်းတာပဲ။ ဝမ်ရိပေါ်သာ ဆေးကုလို့ကတော့...အင်း....

မကြားကောင်းတာတွေကြားရတော့မှာ!

ဒါပေမဲ့ လူငယ်ပေါက်စကလေးက ဒီလောက် လတ် လျားလတ်လျားဖြစ်နေတာတော့ ဘယ်ကောင်းပါ့မလဲ။ သူ့အရွယ်တုန်းက ရှောင်းကျန့်ဆို ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ အသက်ရှူပေါက်တောင် မနည်းဖြဲရှူခဲ့ရတာ။ ခင်သွားတော့လဲ ဝမ်ရိပေါ်အတွင်းစိတ်ကလေးကို နည်းနည်းပါးပါးနားလည်လာတယ်။ ဒါပေမဲ့ နားမလည်ချင်ယောင်ဆောင်ထားတယ်။ အလိုလိုက်ရင် ကမ်းတက်မှာစိုးလို့။ ရှောင်းကျန့်က တစ်ချို့နေရာတွေ နည်းနည်းတုံးပေမဲ့ ဝမ်ရိပေါ်ကိုတော့ သဘောပေါက်သလိုလိုရှိတယ်။ ဒီကလေးက မေတ္တာငတ်နေတာပဲ ဖြစ်မယ်။ ကင်ဆာဌာနက ဖေးမရမယ့် ကလေးလေးတွေလိုမျိုး!

အင်း..ဟိုဟာဒီဟာတွေလုပ်ခဲ့တာကတော့ ချွင်းချက်ပေါ့။ အဲ့ဒါကြောင့် အခုဆို ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ အသားချင်းသိပ်မထိမိအောင်ရှောင်တယ်။ ကြာလာတာနဲ့အမျှ အထိအတွေ့ဆိုတာမျိုး ပျောက်ကွယ်သွားတဲ့အထိ! ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လမ်းက အမှားတစ်ခု အဖြစ်မခံနိုင်ဘူး။

........

ရိပေါ်တို့အသိုင်းအဝိုင်းမှာ ရှောင်းကျန့် က ရိပေါ်ရဲ့ အစ်ကိုလိုဖြစ်လာတယ်။ ခပ်ဖြောင့်ဖြောင့်ဆရာဝန်လေးက သိပ်ဆိုးတဲ့ ညီငယ်ကလေးကို လိုက်ထိန်းနေရတဲ့ ပုံစံမျိုးလေး။ ရိပေါ်က အဲ့တာကိုလိုချင်တာမဟုတ်ဖူး။ ဒါပေမဲ့ ရှေ့ကိုလည်းဆက်မတိုးရဲဘူး။ မတိုးရဲတာကလည်း ရှောင်းကျန့်ကြောင့်။ ဘာနေနေ တစ်လမ်းတည်းတွေးတဲ့ ရိုးရိုးအေးအေးသမားက သူ့ရဲ့ဆန်းဆန်းပြားပြားတွေကို ရင်ဆိုင်မိတာနဲ့ သူ့ဘေးကနေ ထွက်သွားမှာ အသေအချာပဲ။ စိတ်ဆိုတာမျိုးက ထိန်းလေရုန်းကြွလေ။ ရှောင်းကျန့်ကိုဘေးနားထားပြီး သူဘယ်လောက်အထိ ပစ်မှားခဲ့သလဲဆိုတာ ရှောင်းကျန့်သာသိရင် သူ့သွားတွေ အကုန်ကျွတ်သွားလောက်တယ်။

ရှယ်လီပြင်သစ်မှာ ကျောင်းပြန်တက်နေတဲ့ ကာလအတွင်း ရိပေါ်ဘေးနားမှာ တစ်ချိန်လုံးရှိနေတာက ရှောင်းကျန့်ဖြစ်လာတယ်။ ရိပေါ်မှာ လည်ပတ်နေတဲ့ ဂိမ်းကုမ္ပဏီရှိတာကို ရှောင်းကျန့်မသိဘူး။ သိအောင်လည်း ရိပေါ်က မလုပ်ဖူး။ ရှောင်းကျန့်အမြင်မှာ သူဟာ နောက်ကလိုက်ပြီး ထိန်းဖို့သိမ်းဖို့ လိုအပ်နေတဲ့ ဆိုးသွမ်းတဲ့ လူလိုပဲ မြင်စေချင်တယ်။ အဲ့ဒါက ရှောင်းကျန့်ကို ရိပေါ်အနားကနေ ထွက်မသွားနိုင်ဖို့ ချုပ်ထားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။

ရှောင်းကျန့်ရဲ့ အားနာတတ်တဲ့စိတ်၊ သနားတတ်တဲ့စိတ်၊ ဖေးမတတ်တဲ့ စိတ်တွေ၊ တအားသဘောကောင်းလွန်းတာတွေက ရိပေါ်အတွက်တော့ အသုံးချစရာဖြစ်လာတယ်။

ခဏလောက်အဆက်အသွယ်ပြတ်တာနဲ့ ရိပေါ်က ပြဿ     နာရှာပြီး ရဲစခန်းကိုသွားတယ်။ အုပ်ထိန်းသူနေရာက လက်မှတ်ဟာ ရှောင်းကျန့်ပဲ။ ပြီးရင် ဘယ်တော့နားထောင်ထောင် နားမညည်းတဲ့ ပွစိပွစိ တွတ်ထိုးသံတွေကိုနားထောင်တယ်။ ခဏလောက်မျက်နှာလွဲလိုက်တာနဲ့ တစ်ခုခုဖြစ်တော့မယ်လို့ ရှောင်းကျန့်စိတ်မှာခံစားလာရတဲ့အထိ ရိပေါ်ကဆိုးပြတယ်။

ပြီးတော့ သူက ဆရာဝန်လည်းမဖြစ်ချင်ဘူး။ မျက်နှာပေါ်ကပွန်းရာပဲ့ရာကစလို့ တံတောင်ပေါ် လက်ဖျံပေါ် ရင်ဘတ်ပေါ်....အင်း...အကုန်ပေါ့! ထိတွေ့ဖို့ ပြုစုဖို့ ရှောင်းကျန့်တစ်ယောက်လုံးရှိနေပြီပဲ။

မူးရူးနေအောင်သောက်ပြတယ်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး လာခေါ်ခိုင်းရင် အမြဲတမ်းအိပ်မှုံစုံမွှားနဲ့ ဆွယ်တာတစ်ထည်ဆွဲလွဲပြီးရောက်ချလာတတ်တယ်။ မူးနေတဲ့ သူ့နဲ့ ဝရုန်းသုန်းကားတွေဖြစ်ပြီး ရိပေါ်က ညာတာပါတေးနဲ့ အိပုံ့ပုံ့ပါးပြင်ပေါ် နှာခေါင်းနဲ့ပွတ်ဆွဲမိရင် သူ့ပါးသူပြန်ပွတ်ပြီး မလုံမလဲနဲ့!  ရှောင်းကျန့်အိမ်က အိပ်ရာသေးသေးလေးဟာ တစ်ပတ်နှစ်ကြိမ်လောက်ရိပေါ်ကျောချတဲ့နေရာဖြစ်လာတယ်။ ညဖက် ရင်ပူလို့ ရိပေါ် အပေါ်အင်္ကျီတွေကို ချွတ်အိပ်တတ်တယ်။ လုံလုံလဲလဲ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ခါးကနေ သိမ်းကြုံးဖက်ပြီး!

သူ့ဘက်ကတော့ ဘဝနှစ်ခုကို ရောထွေးပေါင်းစပ်ပစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

သူ့ဘက်ကတော့ ဘဝနှစ်ခုကို ရောထွေးပေါင်းစပ်ပစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.......

Wind Farm||Completed!||Where stories live. Discover now