00(Unicode)

18.7K 1.2K 26
                                    

လည်ပင်းနောက်နားကိုကိုင်ထားတာကနေတစ်ဆင့် ခေါင်းနောက်ကို စုကိုင်ကာ ခေါင်းကိုစောင်းပြီး နမ်းပစ်လိုက်သည်။ အိထွေးထွေးအထိအတွေ့နဲ့အတူ စတော်ဘယ်ရီနံ့သင်းတဲ့နှုတ်ခမ်းသား။ လက်တစ်ဖက်က ထိုကောင်မလေး၏ ခါးတစ်ဝိုက်မှာ စုန်ချည်ဆန်ချည်။ ကလပ်မီးရောင်မှိန်မှိန်တဖြတ်ဖြတ်အောက်မှာ ပုံရိပ်နှစ်ခုက ပယ်ပယ်နယ်နယ်ပဲနမ်းပွဲဆင်နေတယ်။ သူ့ရင်ဘတ်မှာ ဖိကပ်နေတဲ့ ခပ်အိအိအထိအတွေ့! ဟား......! အဲ့ဒါကြောင့် သူကောင်မလေးတွေကိုကြိုက်တာ!

ဘယ်နေရာစမ်းစမ်း...အရသာရှိနေတာချည်းပဲ!!

.........

"ဆိုတော့....?"

အခန်းထဲကထွက်လာတဲ့ ရိပေါ်ကို ကျန့်ခိုင်က ဆီးမေးတယ်။

"ပျော်စရာပဲ!"

စီးကရက်မီးခိုးငွေ့တွေကို အုပ်လုံးအပြည့်ပဲ ရှိုက်သွင်းပြီး မှုတ်ထုတ်ပစ်လိုက်တယ်။ သူထွက်လာတဲ့အခန်းထဲက ကုတင်ပေါ်မှာ စောစောက သူနမ်းခဲ့တဲ့ ကောင်မလေးက မောမောပန်းပန်းပဲ အိပ်ပျော်နေတယ်။ ဒီလိုပဲ...စီးကရက်တစ်လိပ်သောက်ရသလို...သိပ်လွယ်လွန်းတယ်။ ပြီးတော့...အရသာလဲ သိပ်ရှိ!

.........

"Wooooooooo"..........

ညတော့ညပဲ။ ဒါပေမဲ့ စူးစူးရှရှ မီးလုံးခပ်ကြီးကြီးတွေ ဆယ်လုံးတိတိတစ်ပြိုင်တည်းဝိုင်းထိုးထားတဲ့ကွင်းကြီး။ ခပ်မြူးမြူး HipHop သီချင်းက ကျယ်ကျယ်လောင်လောင် beat တွေနဲ့ မြေကြီးတုန်မတတ်ဟီးနေတယ်။ လူငယ်တွေရဲ့ တစ်ခဲနက်အားပေးသံတွေ၊ စိတ်မထင်သလို ပျစ်ပျစ်နှစ်နှစ်ဆဲသံတွေက အထိန်းအကွပ်မရှိပဲ လျှံကျနေတယ်။ အဖွဲ့နှစ်ဖွဲ့က မျက်နှာချင်းဆိုင်ရှိတယ်။ သီချင်းသံနဲ့အတူ လက်တွေခြေတွေက မြောက်ကြွနေတာပဲ။ တစ်ခါတစ်ခါ ငှက်ကလေးတွေလို! တစ်ချက်တစ်ချက်ကျ မာန်ဖီနေတဲ့ သားရိုင်းတွေလို!

အဲ့ဒါ Street Danceပဲ! လွတ်လပ်တဲ့ စိတ်ဝိညာဉ်ဟာ သူတို့ရဲ့ခြေတွေကနေစလို့ လက်ဖျားတွေအထိ စီးဆင်းနေတယ်။

"..Ho...~ ရှယ်လီ!"

ပြည်မဖွားပြင်သစ်မလေးရှယ်လီ! သိပ်လှ..ပက်ပက်စက်စက်လှ! မြင်တဲ့သူတိုင်းကြွေကျ! မိန်းကလေးတိုင်းရဲ့ မနာလိုဝန်တိုအဆင့် ထိပ်ဆုံးက ရှယ်လီ!

Wind Farm||Completed!||Dove le storie prendono vita. Scoprilo ora