ep - 1

64.1K 3.5K 230
                                    

" ကောင်းတယ် သေသင့်တဲ့အမတ်..၊ ဒီလောက်ထိယုတ်မာထားတာ..ဇာတ်လိုက်မ မလို့ပေါ့ ငါသာဆို အရှင်လတ်လတ် ငယ်ပါကိုဖြတ်ပြီး တိုင်းပြည် အလယ်မှာ တွဲလောင်းချိတ်ထားတယ်
တောက်..!!! မကျေနပ်လိုက်တာကွာ ဒီ အကြံပက်စက်တဲ့ အမတ်နာမည်က ရှောင်းကျန့်တဲ့..၊မင်းအမေပဲ စာရေးဆရာရေ ''

ရှောင်းကျန့် '' ဓားသွားထက်က ချစ်ပျိုကညှာ '' ဆိုတဲ့ ဝတ္ထု ဖတ်နေတာ..၊ ဒီဝတ္ထုထဲမှာ ရှောင်းကျန့် သဘောအကျဆုံးက ဇာတ်လိုက်မင်းသမီးကိုပဲ..၊ သနားဖို့လဲကောင်းတယ် ဥာဏ်လဲထက်တယ်..၊ ယောက်ျားသားတွေနဲ့ရင်ပေါင်တန်းပြီး ဓားရေးယှဉ်နိုင်တယ်..ရှောင်းကျန့် အကြိုက်ဆုံးအချက်က သာမန်မိန်းကလေးတွေလို မနူးညံ့ ၊ မပျော့ညံ့တာပဲ...။ မင်းသမီးနာမည်က ချန်ချင်းယွဲ့...တဲ့ ပြီးတော့ နောက်ထပ်သဘောကျတာက ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဝမ်ရိပေါ်.. ပဲ၊ သူက ဝမ်တိုင်းပြည်ရဲ့ မင်းကြီး ဖြစ်ပြီး ချင်းယွဲ့ အပေါ်ကို သိပ်ကြင်နာတယ် ၊ ခုခေတ် အခေါ်ဝေါ်ဆို ဝမ်ရိပေါ်က sugar daddy
ဘယ်အရာမဆို ချင်းယွဲ့ စိတ်တိုင်ကျ..။ ပြီးတော့ ဝမ်တိုင်းပြည် အမတ်ကြီး ရှောင်းကျန့်ကို လက်စားချေဖို့လဲ အများကြီး အကူအညီပေးခဲ့တယ်..။

အိန်း..ရှောင်းကျန့် ဆိုတဲ့ မိမိနဲ့ နာမည်တူ ဗီလိန်ကတော့ သိပ်ကို ရက်စက်တဲ့ လူပေါ့..။ မကောင်းတာဆို အကုန်လုပ်..၊
တိုင်းပြည်က အလေအလွင့် ကလေးတွေကို သနားသလိုလိုနဲ့ခေါ်သွားပြီ ကလေးအရေအတွက်များတာနဲ့ တစ်ဖက်တိုင်းပြည်ကို ကျွန်အဖြစ်ရောင်းစားတယ်..၊ ဝမ်မင်းကြီးကိုလဲ လုပ်ကြံသေးတယ်..၊ မင်းသမီး မိသားစုကိုလဲ ဖြိုခွဲသေးတယ် ၊

အားး..ဒီခွေးက ငါနဲ့နာမည်တူနေတယ်..T - T.

လက်ထဲက ဝတ္ထု စာအုပ်ကို ပိတ်ပြီး ပစ်ချလိုက်တယ်..။
ရေခဲသေတ္တာ ထဲက ရေဗူးကို ထုတ်ရင်း တစ်ငုံမော့လိုက်တယ် ရေက အေးမနေဘူး ရေခဲသေတ္တာ ပျက်နေတာလား..
သေချာကြည့်မိမှ ခလုတ်မှမဖွင့်မိတာ ပလပ်ပေါက်နားသွားရင်း ကြိုးတပ်ဖို့ရန် ဆွဲလိုက်တော့ ပေါက်နေတဲ့ကြိုးကို သတိမထားမိ...။ တကိုယ်လုံးမှာ ရှိသမျှ အရာတွေ အကုန်ထောင်တက်သွားတယ်..။ ပြီးတော့ ရှောင်းကျန့်မြင်ကွင်းက အမှောက်အတိဖုံးလို့.......။

My seme in  novel ❤|| Completed ||حيث تعيش القصص. اكتشف الآن