ep - 28 ( new version)

19.1K 2.4K 66
                                    

ဘုံကျောင်းလေးထဲ တည်ရှိတဲ့ အဆောင်ငယ်လေးတစ်နေရာ..

" ဒါဆို ဘယ်လိုလုပ်ကြမလဲ..ငါတို့သခင်လေးကိုခေါ်ပြီးထွက်ပြေးကြမလား..''

" မင်းကြီးဒေါသကိုဆွဖို့သတ္တိရှိတယ်ပေါ့...''

" ဒါပေမယ့် ယင်းရာ သခင်လေးကိုနာကျင်စေခဲ့တဲ့သူရဲ့လက်ထဲပြန်မထည့်ချင်ဘူး..၊ ဒီတစ်လျှောက် ငါတို့တွေ အဆင်ပြေပြေနဲ့ နေသားတကျဖြစ်နေခဲ့ပြီးမှ.. ဘာလိုများ..''

လင်းနဲ့ယင်း စိတ်လေးစွာသက်ပြင်းရှည်ကြီးချတယ် ။
ကျိုးချန်ကတော့ ဘာမှန်းမသိ တွေဝေနေ၏ ။ ဘာမျှဝင်မပြောသော်လည်း သူရင်ထဲ သခင်လေးအတွက် ထပ်တူပူလောင်နေရသည်မှာ မြင်ရုံဖြင့်သိနိုင်သည်။

" စောင့်ကြည့်မယ်..''

အကြာကြီးနေမှ ထွက်ပေါ်လာတဲ့စကားတစ်ခွန်း..။
အေးစက်စက်နိုင်သည် ။ စိတ်တွေချုပ်တည်းထားရသလိုမျိုး...

" ရှင်..''

" ငါတို့သခင်လေးအပေါ် မင်းကြီးရဲ့အပြုအမူတွေကိုစောင့်ကြည့်မယ် ၊ သခင်လေးကို မျက်နှာတစ်ချက်ပျက်စေတာနဲ့ နောက်ဘယ်တော့မှပေးမတွေ့တော့ဘူး ၊ ဘယ်သူမှမရှိတဲ့ ဘယ်သူမှလိုက်မလာနိုင်တဲ့နေရာကို တစ်သက်လုံးထွက်သွားကြမယ် ''

ထိုစကားပြောပြီး သူမတို့နှစ်ယောက်လုံးကိုကျောခိုင်းသွားသော အကိုကျိုးချန်ရဲ့ကျောပြင်ကအေးစက်စက် ။ သူမတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းတစ်ချက်နဲ့ ခေါင်းခါလိုက်မိသည် ။

" သင်္ကန်းတွေ လျှော်စရာရှိသေးတယ်...''

________________

" အလို ရွှေမျက်နှာတော်ညိုပြီး ဘာများအလိုမကျဖြစ်နေတာပါလဲ ''

ပြောင်ချော်ချော်မေးခွန်းသံလေးနဲ့အတူ သူရှိသည့်နေရာသို့ လာသူက ဝမ်လင်းရန်ဆိုသည့်ကောင်လေးဖြစ်သည်။ ရှောင်းကျန့်သူ့ဘက်သို့ချာခနဲလှည့်ကြည့်လိုက်သည်။ ပြီးတော့ မျက်နှာတင်းတင်းနဲ့ပြန်လှည့်လိုက်တယ် ။

သူဒီကောင်လေးကို စိတ်ဆိုးနေတယ်..

" ကျွန်တော်မျိုးက သခင်လေး ရွှေစိတ်တော်ညိုညင်အောင် တစ်ခုခုများ လုပ်မိလားခဗျ..''

My seme in  novel ❤|| Completed ||Where stories live. Discover now