ep - 20

17.4K 2.2K 84
                                    

ခမ်းနားလှပတဲ့ မင်္ဂလာအိပ်ဆောင်ထဲမှာ ပုဝါနီ ခြုံထားတဲ့ မိန်းမပျိုလေးတစ်ယောက်..။ ရင်ခုန်စရာအချိန်ကို စောင့်စားနေပေမယ့် မျှော်လင့်သူမှာ အာရုံတက်ချိန်ထိ ရောက်မလာခဲ့ပေ..။

ချန်ချင်းယွဲ့ မင်္ဂလာပုဝါကို ဆွဲဖယ်ကာ နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားသည် ။ ရှက်စိတ်နဲ့ဒေါသစိတ် မသဲကွဲလို့ပဲလားမသိပေမယ့် မျက်ဝန်းတွင်တော့ မျက်ရည်တွေအပြည့်အိုင်နေသည်..။

ဝမ်ရိပေါ်ကိုအပိုင်ရဖို့ သူမ အများကြီးကြိုးစားခဲ့ရ၏..။
ဟိုအဖွားကြီးစိတ်တိုင်းကျ ချွေးမကောင်းတစ်ယောက်ပုံစံ အကြိမ်ကြိမ်နေပေးခဲ့သည် ။ အမတ်ကြီး ကိုလဲမင်းကြီးနဲ့ ဝေးအောင် သူမက အကြိမ်ကြိမ် ဖန်တီးခဲ့တာ...။

ဒီလိုမျိုး သူမတစ်ယောက်တည်း အထီးကျန်ဆန်ဖို့မှမဟုတ်ပဲ..။

" ဝမ်ရိပေါ်..၊ ရှင် မြတ်နိုးလှပါတယ် ဆိုတဲ့လူတွေကို ကျွန်မက ဖျက်ဆီးပြမယ်...Ha Ha Ha..''

မနှစ်မြို့စရာကောင်းတဲ့ အပြုံးနှင့်တကွ သူမက အရူးတစ်ယောက်လို လှောင်ရယ်နေခဲ့တယ် ၊ မျက်ရေတွေပြည့်နေတဲ့ မျက်ဝန်းထဲမှာတော့ နာကျင်မှုတွေအပြည့်....။

နံနက်ခင်းရဲ့အလင်းရောင်အစမပျိုးခင်အချိန်ဖြစ်သည်..။
ဝမ်မင်းကြီး အဆောင်တွင် ယခုချိန်ထိ အိပ်စက်ထားဟန်မရှိတော့ မင်းကြီးက သစ်သားထိုင်ခုံတွင်ထိုင်ကာ စာပွဲလက်ထောက်ပြီး နားထင်ကိုခပ်ဖွဖွ နှိပ်နေသည်..။ ယခုချိန်ထိ မင်္ဂလာဝတ်စုံမလဲရသေးပေမယ့် သတို့သမီးထံသို့လဲ မသွားခဲ့ကြောင်းကို အသေချာသိနိုင်၏..။

စိတ်မပျော်ရွှင်ပုံရသော မင်းကြီးသည် တစ်ညလုံး အမတ်ကြီးအိမ်တော်တွင်ရှိနေသည်။ အာရုံတက်ချိန်မှ ပြန်ထွက်လာသော မင်းကြီးသည် မျက်နှာတစ်ခုလုံးနီရဲနေကာ မျက်ဝန်းတွေ မို့နေသဖြင့် ဘယ်လောက်ထိငိုထားကြောင်းရန်ချန်းအတတ်သိနိုင်၏..။ စိတ်မကောင်းပေမယ့်လည်း မင်းကြီးဆုံးဖြတ်ချက်ဖြစ်လို့ ရန်ချန်းမှာ ပြောပိုင်ခွင့်မရှိပေ...။

" ရန်ချန်း...''

အတွေးလွန်နေချိန် မင်းကြီးရဲ့ ခေါ်သံကြောင့် ရန်ချန်းကိုယ်မှာ မတ်ခနဲ...။

My seme in  novel ❤|| Completed ||Where stories live. Discover now