ep - 27 ( new version)

19.3K 2.5K 112
                                    

" သခင်လေးး ..၊ သခင်လေး ''

အခန်ရှေ့လင်းရဲ့ အော်နှိုးသံကြောင့် ရှောင်းကျန့်မျက်ခွံတွေလှုပ်ရှားလာ၏ ။ မျက်လုံးအစုံမဖွင့်သေးပဲ လှုပ်ရှားကြည့်တော့ တင်းကြပ်ကြပ် အနေအထားတာ တိုးတိုးလေး ငြီးငြူစေလိုက်သည် ။

ဘာလဲ..ဘီလူးစီးနေတာလား...?

သို့သော် ထူးဆန်းစွာ စိတ်ကျဉ်းကျပ်မှုတော့မဖြစ် အရင်ထက်နွေးထွေးမှုရှိသော ခန္ဓာကိုယ်ကြောင့် စိတ်သက်သာသလိုပင်ခံစားနေရသည်။

" သခင်လေး ကျွန်မရေဇလုံကို ဒီရှေ့မှာချထားခဲ့ရမလား ''

" အင်းး...''

ရှောင်းကျန့် အိပ်ချင်မူးတူး အသံဖြင့် သံရှည်စွဲကာ တုန့်ပြန်လိုက်သည်။

" ဒါဆို ထားခဲ့လိုက်ပြီနော် ...''

ရေဇလုံချကာ လင်းထွက်သွားသည်အထိရှောင်းကျန့်က ဆက်မှေးနေတုန်း..။ မူမမှန်တဲ့ အခြေအနေကိုသတိထားမိသော်ငြား မျက်လုံးတွေဖွင့်ရန်အပျင်းထူနေသည် ။ ရှားရှားပါပါး နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်ဟူ၍ ယခုက ပထမဆုံးဖြစ်၍ တစ်စုံတစ်ရာဆီသို့သာ ပိုမိုတိုးကပ်သွားသည် ။ ရင်းရင်းနှီးနှီး ခံစားရသော ခပ်သင်းသင်းကိုယ်သင်းနံ့ကို တစ်ဝကြီးရှူရှိုက်ခြင်းဖြင့် စိတ်ကိုလန်းဆန်းစေလိုက်၏ ။

" ဒကာကြီး ဒကာကြီး မထသေးဘူးလား ထတော့ ထ ထ ကိုရင်တို့ကို အလုပ်ကူပေးဦး ''

မကြာပါဘူး အပြင်က အော်ဟစ်သောင်းကျန်းနေသော ကိုရင်တို့ကြောင့် ရှောင်းကျန့်လန့်ကာ ဆက်ခနဲထလိုက်ရ၏။

" ဒကာကြီး....ဒီနေ့ ကျောင်းမှာအလုပ်များတယ် ကိုရင်တို့ကိုလာကူဦး ''

" ဘာတွေလဲ..ဆူညံနေတာပဲ ကိုရင်တို့ရာ..''

အခန်းထဲအတင်းအကြပ်ဝင်လာကာ အိပ်ချင်မူးတူး ထိုင်နေသော ရှောင်းကျန့်လက်အား အတင်းဆွဲသည်။

" ဟင်...ဒကာကြီးက ဒီဒကာလေးနဲ့အတူအိပ်တာလား ''

" ဟင်..ဘယ်ဒကာလေးကိုပြောနေတာလဲ ''

ကိုရင်စကားကြောင့် ငိုက်ချင်နေသေးသော မျက်လုံးတွေကမိမိအိပ်ယာ၏ဘေးဘက်ကိုကြည့်လိုက်မိသည် ။

My seme in  novel ❤|| Completed ||Where stories live. Discover now