ep - 24

20.4K 2.6K 241
                                    

အချုပ်ခန်းထဲ ရိပေါ် မလှုပ်ရှားနိုင်ပဲရပ်နေမိသည်။

" ရိပေါ်.. ၊ မင်း နောက်ဆုံးတစ်ခါလောက်ပဲ ငါ့ကိုချစ်တယ်လို့ပြောပေးပါလား...၊ ဒီနေ့ နောက်ဆုံးပဲလေ ငါက မင်းနဲ့အဝေးကြီးထွက်သွားရတော့မှာမလို့..၊ ဒီတစ်ခါလေးပဲ သနားလို့မရဘူးလား ရိပေါ်ရာ...''

ကြေကွဲဝမ်းနည်းမှုတွေထင်းနေတဲ့ ရှောင်းကျန့်အသံဟာ ရိပေါ်ကို နောင်တကြီးစွာရစေတယ် ။ အသက်တစ်ချက်ရှူလိုက်တိုင်း မျက်ရေဝဲရုံဆိုပေမယ့် ရိပေါ့် ရင်ထဲသွေးပျက်နာကျင်လွန်းလို့သေခမန်းနီးနီး...။ ရှောင်းကျန့်က သူ့ကို အဲ့နေ့ထဲက နှုတ်ဆက်ခဲ့တာပဲ ၊ သူ့နားက လွှတ်မြောက်ဖို့ကြိုးစားနေခဲ့တာပဲ...။

ရိပေါ် ကောက်ရိုးကြမ်းတွေထက် ဒူးထောက်ထိုင်ချကာ သွေးစွန်းနေတဲ့ ကောက်ရိုးစတွေကို ယူကျုံးမရ ကိုင်လိုက်၏..။

ဒါ..၊ ဒါက ရှောင်းကျန့်သွေးတွေ...

" ရှောင်းကျန့်..ခဗျား ကျတော့်ဆီက တကယ်ထွက်သွားပြီလား ၊ ခဗျားမှာ ဒဏ်ရာတွေနဲ့လေ ၊ ပြီးတော့ ပြီးတော့ ခဗျား နေမကောင်းဘူးလေ ရှောင်းကျန့်ရာ..အားးး ကျတော်.. ၊ ကျတော့်ကို အခွင့်အရေးတောင်မပေးတော့ဘူးလား ၊ ခဗျားကျေနပ်တဲ့အထိ ကျတော်တောင်းပန်ပါရစေဦး..၊ ကျတော့ကို ချစ်တယ်ဆို..၊ ရှောင်းကျန့်.. ရှောင်းကျန့် !!! "

အချုပ်ခန်းထဲမှာ ရိပေါ်ကတော့ သွေးပျက်အောင်အော်ဟစ်ငိုကြွေးနေတယ် ။ သိပ်ချစ်ရတဲ့လူကို အယုံအကြည်ကင်းမဲ့ရခြင်းရလဒ်က ရိပေါ့်ဘဝကြီး နောင်တတွေတနင့်တပိုး ဝေဆာနေတယ် ။ ပြန်လည်ကောက်ယူ တပ်ဆင်ခွင့်မရှိတဲ့ အမှန်တရားတွေအတွက် ရိပေါ်ကရင်ကွဲပလက်ပဲတတ်နိုင်တော့တယ် ။ ကိုယ်ချစ်တဲ့သူကို ကာကွယ်မှုမရှိတဲ့အပြင် ယုံကြည်မှုပါ ကင်းမဲ့နေတဲ့ရိပေါ်က ရှောင်းကျန့်နဲ့ တန်ရဲ့လား လို့အခုမှစဉ်းစားမိတယ်..။ ဒါပေမယ့်လည်း လက်မလွှတ်ချင်လို့ရူးတော့မယ်ထင်တယ်...။

ရိပေါ့်စိတ်ကို သတ်တဲ့တရားခံဟာ ရှောင်းကျန့်မဟုတ်ပဲ ကိုယ်တိုင်ဖြစ်နေတဲ့အခါ အသည်းနှလုံးဆိုတာကြီးက တစ်ဆတ်ဆတ် ပဲ့ကြွေလို့...။ ရက်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ရတဲ့ ရိပေါ်တို့နှစ်ယောက်ရဲ့အချစ်ကို ရိပေါ်ကိုယ်တိုင်က အယုံကြည်ကင်းမဲ့ခြင်း ဆိုတဲ့ ကြောက်စရာစကားလုံးနဲ့ အလုံးစုံ ဖျက်ဆီးပြစ်ခဲ့တယ်...။

My seme in  novel ❤|| Completed ||Where stories live. Discover now