ep - 10

22.9K 2.6K 142
                                    

ညကောင်းကင်ယံတစ်ခုလုံးဟာ အမှောင်ထုရဲ့ ဝါးမြိုခြင်းခံရပေမယ့် ငွေလမင်းကြီးဟာတော့ သူတတ်နိုင်သလောက် ထွန်းလင်းပေးနေရှာတယ် ။

မှိတ်တုတ်မှိတ်တုတ် ကြယ်လေးများကလဲ ဟိုတစ်စဒီတစ်စ လင်းလက်ကာ မလုပ်စဖူး အလုပ်တွေလုပ်နေသော ဝမ်မင်းကြီးကို လှောင်ပြောင်နေသလို..။

နန်းတော်အတွင်း ဘုရင့်အိပ်ဆောင်သွားရာ လမ်းသွယ်လေးမှာတော့ အမတ်ကြီးကို ကျောပိုးလာတဲ့ ဝမ်မင်းကြီးနဲ့အတူ
ယောက်ယက်ခက်နေသော ကိုယ်ရံတော်....

" မင်းကြီးတစ်ယောက်အနေနဲ့ ဒီလိုတွေမလုပ်သင့်ပါဘူး ၊ ကျွန်တော်မျိုးကပဲ အမတ်ကြီးကို အိမ်တော်ပြန်ပို့ပေးလိုက်ပါမယ် ''

" မလိုဘူး ဒီခန္ဓာကိုယ်က အရမ်းလေးတယ် မင်းမနိုင်ဘူး ၊
နားတော့ ရှောင်းကျန့်ကို ကိုယ်တော်ပဲ ခေါ်သွားလိုက်တော့မယ် ''

ရန်ချန်းကတော့ရူးချင်နေပြီ ဒီမင်းကြီးကတော့ ဘာတွေလုပ်နေတာလဲ ၊ သူက အမတ်ကြီးကို အိပ်ဆောင်သွင်းချင်တာလား
ဘုရားရေ..ဒီလိုလုပ်လို့မရဘူးလေ....။

" မသင့်တော်ပါ..''

" ရန်ချန်..!!! ကိုယ်တော် မင်းကို သွားခိုင်းနေတယ်လေ ''

နောက်ဆုံးတော့ ရန်ချန်လဲ မင်းကြီးအမိန့်ကို မတတ်နိုင်စွာ အလျှော့ပေးလိုက်ရပြီ..၊ စိတ်ထဲမှာတော့ တစ်ခုခုဟာ လေးလံနေတယ်..၊ မင်းကြီးရဲ့ အမတ်ကြီးအပေါ်ထားတဲ့ စိတ်တွေဟာ ရန်ချန်းထင်တာထက် ပိုလေးနက်နေတယ်..။

အမတ်ကြီးကိုယ်ကို ဘယ်သူ့ကိုမှမထိစေချင်တာ သိပ်သိသာတယ်...၊ အရင်လို သူများအသားထိတာမကြိုက်တဲ့မင်းကြီးဟာ အမတ်ကြီးကို ဘယ်လိုပဲ သံယောဇဉ်ရှိတယ် ပြောပါစေ ဒီလိုမျိုးမလုပ်လဲရပါလျှက်..

ရိပေါ်ကတော့ ဒီလိုတွေလုပ်နေတဲ့ သူကိုယ်သူ နားမလည်တော့ဘူး..၊ သေချာတာကတော့ ကျောပေါ်က အမူးသမားလေးကို ရန်ချန်းခေါ်သွားမှာကို သူမလိုလားတာ စိတ်မချတာမဟုတ်ဘူး ရှောင်းကျန့်ကို ထိမှာမကြိုက်တာ..

ရန်ချန်းပြောသလို ဒီတွေမလုပ်သင့်ပါလျှက် ရိပေါ် လုပ်နေမိတယ်..။ ဝန်မခံချင်ပေမယ့် ရိပေါ်တကယ်ရူးနေပြီ..။

My seme in  novel ❤|| Completed ||Where stories live. Discover now