ep - 2

26.9K 3.2K 125
                                    

ရှောင်းကျန့်တစ်ယောက် မိမိလုပ်မိသောကြောင်တောင်တောင်လုပ်ရပ်များကြောင့် ခေါင်းတောင်မဖော်နိုင်တော့၊ ဘုရင်တွေကို အရိုအသေဘယ်လိုပြုလဲဆိုတာ ဇာတ်လမ်းတွေထဲမှာ ပဲတွေဖူးပေမယ့် ၊ ခုချိန်ရုတ်တရက်ကြီးမို့ ဘာလုပ်ရမှန်းမသိစွာ ထိုင်ကန်တော့မိတာ ၊၊

မိမိရဲ့ဇာတ်ကောင်အမတ်ကြီးက အမြဲတည်ငြိမ်တယ် ၊ ရဲရင့်တယ် ၊ရက်စက်တယ် ၊ မိမိကတော့ ဆဲတတ်တယ် ၊ စားတတ်တယ် ၊ ဘေးတွေရင်ပြေးတတ်တယ် ၊ ကြောက်လဲကြောက်တတ်တယ်.. ။ အမ်းး ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ပြီ...။

ဇာတ်လိုက်ကို မျက်နှာ လုပ်ထားမှဖြစ်မယ်.၊ မဟုတ်ရင် သူ့ ဘေဘီလေးနဲ့ ပေါင်းပြီး ဒီအမတ်ကြီးကို ရက်စက်မှဖြင့် ခက်ရချည်ရဲ့..။

" အမတ်ကြီး ဒဏ်ရာရထားတယ် ကြားလို့ ကိုယ်တော်သတင်းလာမေးတာ..ကြည့်ရတာ အဆင်ပြေနေတဲ့ ပုံပဲ ''

ဇာတ်လိုက်ဖြစ်နေလို့ ပဲလားမသိ..။
ကြည်လင်တဲ့အသံက အရှိန်အဝါကြီးစွာ ပေါ်ထွက်လာတယ်။ ဝမ်မင်းကြီးက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်တဲ့ ပုတုန်းရောင် ဆံကေသာကို ကျောပြင်ထိချထားတယ်၊ဆံပင်တစ်ဝက်ကို ထုံးထားပြီး ကျောက်စိမ်းနဂါး ဆံထိုးကိုလဲ ထိုးထားသေးတယ်..။

ဇာတ်လိုက်တွေက ဘာလို့ အဲ့လောက်ပြည့်စုံနေရတာလဲ..စာရေးသူတွေကမတရားဘူး..။ ဒါဆို ဗီလိန်တွေကရော ဘယ်လိုမျိုးလဲ..၊ အာ..ဗီလိန်..ငါပေါ့ ငါက ဗီလိန်လေ ငါပုံကဘယ်လိုမျိုးလဲ ခုထိမှန်မကြည့်ရသေးဘူးလေ ၊ ရုပ်ဆိုးနေရင်ဘလိုလုပ်မလဲ ၊ ငါရုပ်ဆိုးနေရင် ဇာတ်လိုက်မ ချင်းယွဲ့လေးနဲ့ ဘယ်လိုချစ်ရမလဲ...T - T

ဝမ်ရိပေါ် တစ်ယောက် မိမိမေးတာကို မဖြေပဲ ငိုမဲ့မဲ့ ဖြစ်နေတဲ့အမတ်ကြီးကို ကြည့်ပြီး တစ်ခုခုထူးဆန်းနေတယ် ၊ ဒဏ်ရာ ရပြီး ဒီမြေခွေးကြီးက သူငယ်ပြန်သွားတာလား..။ အရင်ရက်တွေက မျက်နှာတစ်ခုလုံးလှောင်ပြုံးတွေချိတ်ဆွဲထားတဲ့ အမတ်ကြီးက ဒီနေ့ကျမှ တစ်ခုခုကို စိုးရွံ့နေသလို ၊ မသိရင် ဝမ်ရိပေါ်က သူ့ကို ကိုက်စားမှာကျနေတာပဲ..၊၊ ခုလဲ မေးနေတာကို ဂရုမစိုက်ပဲ ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ ဘာရှာနေမှန်းမသိ။
သူ့ရှေ့မှာ 16 ပြည်ထောင် လုံး လန့်ရတဲ့ ဒီမင်းကြီးကို ဂရုမစိုက်ပဲလေ....။

My seme in  novel ❤|| Completed ||Where stories live. Discover now