ep - 16

21.7K 2.9K 293
                                    

အအေးဓာတ်ပိုကဲသော ဒေသဖြစ်သည့်အလျှောက် ဝတ်ရုံအပါးလေးပင်မဝတ်ရဲပေ..။ တိုက်ခိုက်လာသော လေပြည်ဟာလဲ ကြက်သီးတစ်ဖြန်းဖြန်းထစေ၏..။ မှောင်ရိပ်သန်းလာသော ပတ်ဝန်းကျင်တစ်ခွင်တွင် သစ်ပင်ကြီးကြီးများအုပ်ဆိုင်းထားသဖြင့် ရေနံဆီ မီးတုတ်တိုင်တို့သာ အားကိုးရာရှိ၏..။

" မင်းကြီး အခါးရည်လေး သုံးဆောင်ပါဦး ''

သမားတော်များနှင့် ဆွေးနွေးပြီးရုံ ပင်မကြာသေး ယာယီတဲ အဝင်ဝက သာယာနာပျော်ဖွယ် မိန်းမပျိုအသံ.. ။ အင်း ဒီမိန်းကလေးပဲလား..?? ရဲတင်းလွန်းတဲ့ ဒီမိန်းကလေးရဲ့ စိတ်ကို ရိပေါ်မကြိုက်ပေမယ့် သူမရဲ့ အကျင့်စရိုက်ကတော့မဆိုးရှာပါဘူး..၊ နူးညံတဲ့ မိန်းကလေးဖြစ်သည့်အလျှောက် စွဲမက်စရာ ရုပ်ရည်လဲပိုင်ဆိုင်ထားသေးတယ်..။

ရိပေါ်သာ ရှောင်းကျန့်ကို မချစ်မိရင် ဒီမိန်းကလေးကိုရွေးချယ်မိမယ်ထင်တယ်...။

" ဝင်ခဲ့ ''

မိမိ ခွင့်ပြုချက်ရသည်နှင့် တက်ကြွစွာ ဝင်လာသော မိန်းကလေး..။

" သုံးဆောင်ပါဦး မင်းကြီး ''

မိမိရှေ့စားပွဲပေါ်ချပေးလာသော အခါးရည်ဗန်း..။
တစ်ဆက်တည်း အခါးရည်ခွက်ထဲပါ ထည့်ပေးလာ၏..။

ရိပေါ် ဘာစကားမှမပြောပဲ ယူသောက်လိုက်သည်..။
အင်း..ခပ်နွေးနွေးပဲ ရှောင်းကျန့် သာဆို ဘယ်လောက်တောင်သောက်လိုက်မလဲ...။ မျက်လုံးထဲပေါ်လာတဲ့ စပ်စလူး ပုံကြောင့် သူ ရယ်လိုက်မိ၏..။ အခုရော အိပ်နေလောက်ပြီလား??

" ကိုယ်တော့်ကို ရှောင်းကျန့် ကို သွားခေါ်ပေးပါလား ''

အခါးလည်ခွက်ကို ပါးစပ်နဲ့တေ့ရင်း ပြောပေမယ့် တုတ်တုတ်မျှမလှုပ်တဲ့ ဘေးက မိန်းကလေးကြောင့် ရိပေါ် လှည့်ကာ အကြည့်စူးစူး ခဲမိ၏..။

" မင်းမကြားဘူးလား..''

" ဟို..ဟိုလေ အမတ်ကြီးက ဒီရောက်ကတည်းက ထွက်သွားတာ ခုထိ ပြန်မရောက်သေးပါဘူး မင်းကြီး..''

တုန်တုန်ရီရီနဲ့ပြောလာတဲ့ မိန်းကလေးရဲ့စကားအဆုံး ရိပေါ့်ရင်ထဲပူလောင်မိသလို ဒေါသလဲထွက်မိ၏..။

My seme in  novel ❤|| Completed ||Where stories live. Discover now