ep - 26 ( new version)

19.5K 2.5K 122
                                    

ရှောင်းကျန့် မိမိကိုပွေ့ထားတဲ့သူဆီမှ အတင်းရုန်းဖယ်ဆင်းလိုက်သည်။ ရင်းနီးပုံရသော ထိုလူ၏အကြည့်တွေဟာလည်း ရှောင်းကျန့်ကို မလွှဲတမ်းကြည့်နေသည် ။ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့သူကို ပြန်တွေ့ရသလို မျက်ဝန်းတွေက နူးညံ့စွာ ရွှန်းလဲ့နေသည် ။

" ခဗျား အဆင်ပြေရဲ့လား..''

" ဘာမှမဖြစ်ဘူး အဆင်ပြေတယ်..''

" ခဗျားကတကယ်ကိုစပ်စလူးပဲ ၊  တကယ်လို့ ကျွန်တော်သာ ရောက်မလာရင် ဘယ်လိုလုပ်မလဲ ''

အစောကတွေ့ရသော နူးညံ့မှုနဲ့လားလားမှမဆိုင် ထိုလူက ရှောင်းကျန့်အား စိုးရိမ်စွာ အော်ငေါက်လာသည် ။ တခြားလူပြောရင် တစ်ခွန်းမပြန်ပြန်ပြောတတ်သောရှောင်းကျန့်က ထူးဆန်းစွာ ထိုလူဆူသမျှအားဆူပုတ်ပုတ်နှင့်ခေါင်းငုံ့ကာနားထောင်နေမိ၏။ မသိမသာခေါင်းမော့ကာ ပြန်ကြည့်မိတော့ ထိုအကြည်တွေကြောင့် ရင်းနီးသလိုပြန်စားရသော်လည်း မှတ်ဥာဏ်တွေက မှုန်မှုန်ဝါးဝါးနှင့် ရင်ထဲတစ်ဆစ်ဆစ် နာလာတာကြောင့် ချက်ချင်းပြန်လွှဲလိုက်မိ၏။

ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကို မုန်းလိုက်တာ..!!

" ကိုရင်တို့ရဲ့စပ်စလူးကိုကယ်ပေးလို့ ဒီက ဒကာလေးကိုကျေးဇူးတင်ပါတယ် ''

ကိုရင်နှစ်ပါးရဲ့ စကားကြောင့် ရှောင်းကျန့်က မျက်စောင်းထိုးလိုက်ရသေးသည်။

သူတို့ကတစ်မျိုးဆိုတာ..

" ဒကာလေးက ကိုရင်တို့ကျောင်းကို ဘာ့ကြောင့်များ ရောက်လာလဲသိလို့ရမလား..''

" ဒကာလေး ရောက်လာပြီလား.."

" ကျောင်းထိုင်..''

ကိုရင်နှစ်ပါး အမေးအမြန်းထူနေတုန်းရုတ်တရက်ရောက်လာတဲ့ကျောင်းတိုင်းဆရာတော်ကြောင့် ကိုရင်နှစ်ပါးနဲ့အတူ ရှောင်းကျန့်မှာ ခြေမကိုင်မိလက်မကိုင်မိ ။ ဘာလုပ်ရမှန်းမသိသဖြင့် လူစိမ်းကျောနောက် ဝင်ပုန်းလိုက်မိ၏ ။ရှောင်းကျန့် လက်ကလေးတွေဟာ လူစိမ်းရဲ့ ခါးတစ်ဝိုက် အဝတ်စကို ခပ်တင်းတင်းစုပ်ကိုင်ထားသည် ။

" ရှောင်းကျန့်..သူများနောက်မှာ ဘာလုပ်နေတာလဲ..''

" ဖုန်ခါပေးနေတာပါ ဘုရား ၊ သူ့ခါးနားမှာ အမြင်မတော်လို့ပါဘုရား..''

My seme in  novel ❤|| Completed ||Where stories live. Discover now