ep - 14

23K 2.8K 140
                                    

14

" ယွဲ့အာ ..ညီမလေး ဘာတွေတွေးနေတာလဲ ''

မိမိခေါ်နေတာကို မကြားပဲအတွေးလွန်နေတဲ့ညီမဖြစ်သူကြောင့် မုယွင် ကျောပုတ်ကာ ပြောသည်..။

" အာ..အကိုကြီး ''

" ဘာတွေတွေးနေလို့ အကိုကြီးခေါ်တာကိုမကြားရတာလဲ ''

ဂါဝန်စလေးစုတ်ကိုင်ကာ ပွတ်သတ်နေသော ချင်းယွဲ့ကလှည့်ကြည့်လာသည်..။ မျက်နှာကလဲ အနည်းငယ် ခက်ထန်နေ၏..၊၊ အလိုမကျစရာ တစ်ခုခု သို့မဟုတ် အမုန်းကြီးမုန်းတဲ့သူနဲ့ တွေ့လာခဲ့သလို..။

" အကိုကြီးမှတ်မိသေးလား..၊ ညီမတို့ မိဘတွေကို သတ်ခဲ့တဲ့လူလေ ''

"......''

" မယ်တော်ကြီး အဆောင်ထဲက ထွက်လာတာတွေ့ခဲ့တယ် ၊ သူက ..သူက ဒီနန်းတော်ထဲမှာပဲရှိနေတယ်အကိုကြီး ၊ မယ်တော်ကြီး ကို မေးကြည့်တော့ အဲ့လူက အမတ်ကြီး ရှောင်းကျန့်ရဲ့ညီတဲ့ ''

မိဘနှစ်ပါးကို ရက်ရက်စက်စက် သတ်သွားတဲ့လူက ရှောင်းကျန့်ရဲ့ညီတဲ့လား..??? မိဘနှစ်ပါးသေဆုံးတဲ့အမှုကရော ရှောင်းကျန့်နဲ့များသက်ဆိုင်နေမလား...။

မဖြစ်နိုင်တာ ရှောင်းကျန့်က ဒီလိုလူမျိုးမဟုတ်ပါဘူး..။

" ဒီကိစ္စမှာ ရှောင်ကျန်ဆိုတဲ့လူပါ ပါခဲ့ရင် ညီမလေး သူကိုပါ အရှင်မထားဘူး..၊ အသက်ရှင်ဖို့အတွက် ခွေးပြေး ဝက်ပြေး ပုန်းနေရတဲ့ အဖြစ်အပျက်က အခုထိ အိပ်မက်ဆိုးတစ်ခုလို ညီမကိုခြောက်လှန့်နေဆဲပဲ..၊ သူတောင်းစား သာသာ သူများပေးဖို့ ကမ်းဖို့ မျှော်လင့်နေခဲ့ရတာ..''

အံတင်းတင်းကြိတ်ကာ ပြောလာတဲ့ ယွဲ့အာက အတိတ်အကြောင်းပြန်တွေးမိတယ် ထင်ပါရဲ့ ဒေါသမျက်ရေတွေကျနေရှာတယ် ။

မုယွင်အတွက်လဲ ထိုအဖြစ်အပျက်က မေ့မရခဲ့ပါဘူး..။
ဘယ်သူပဲ ဖြစ်နေပါစေ မိဘနှစ်ပါးခံစားရသလို ပြန်လည်ခံစားစေရမယ်...။

ယွဲ့အာ မျက်ရေတွေကို မုယွင် လက်မ သုံးကာ သုတ်ပေးလိုက်သည်...။

" အကိုလဲမမေ့ဘူး အဖေနဲ့ အမေ ကို သတ်တဲ့သူဟာလဲ အဖေနဲ့အမေ သေသလို....မဟုတ်ဘူး သေတာထက် ပိုခံစားရစေရမယ်..''

My seme in  novel ❤|| Completed ||Where stories live. Discover now