ep - 23

19.5K 2.6K 344
                                    

အဲ့ဒိနေ့က မယ်တော်ကြီး အဆောင်တွင်ဖြစ်သည်... ။

" ယွဲ့အာ ရယ် ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပဲ ၊ အမတ်ကြီးလဲ အခုအရင်လိုမဟုတ်တော့ပါဘူး..၊ အပြစ်ပေးမယ်ဆိုရင် သတ်ပြစ်ဖို့အထိ မလိုပါဘူး ကလေးရယ်..''

ချန်ချင်းယွဲ့ ၏ လက်ဖဝါးနှစ်ဖက်ကို စုပ်ကိုင်ကာ မယ်တော်ကြီးက ချော့မော့ပြောလာလေသည် ။ ချန်ချင်းယွဲ့ မချိပြုံးလေးပြုံးလိုက်မိ၏.. ။ ရှောင်းကျန့်ကို သတ်ပြစ်ဖို့ သူမ ဒီအဖွားကြီးကို မြူဆွယ်လို့မရဘူးပဲ ။ ဒါ့အပြင်သူမက ဒီလူယုတ်မာကို ခွင့်လွှတ်ပေးရမယ်တဲ့လား...?? ဒီအဖွားကြီးက ခွေးစားထားတဲ့ ဦးနှောက်ပဲ့ကြီးနဲ့ပြောနေတာပဲ။ သူမ မိသားစုဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီလူယုတ်မာက အသက်ရှင်ဖို့မှမတန်တာ... ။

မယ်တော်ကြီးလက်ထဲက သူမလက်ကို ပြန်လည်ဆွဲယူကာ ကျောခိုင်းလိုက်သည် ။

" ကျွန်မနေရာမှာ မယ်တော်ကြီးဆိုရင် အခုလိုခွင့်လွှတ်မယ်ပေါ့လေ..၊ အာ..ဟုတ်သားပဲ ကြည့်ရတာ အရင် ဝမ်ဘုရင် မရှိတော့ အမတ်ကြီးရှောင်းကျန့် က မယ်တော်ကြီးကို စိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်လို့ထင်တယ်..''

" နင်....ချန် ချင်း ယွဲ့ !!! "

အနာပေါ်တုတ်ချသလို ဆက်ဆက်ထိမခံ အံကြိတ်ပြောလာတဲ့အဘွားကြီးကြောင့် ချင်းယွဲ့ မဲ့ပြုံး ပြုံးကာ မျက်နှာချင်းဆိုင်ပြန်လှည့်လိုက်သည် ။ သူမရှေ့က မယ်တော်ကြီး မျက်နှာသည် အံ့ဩတုန်လှုပ်မှု ၊ကြောက်ရွံ့ထိတ်လန့်မှုများ ရောနှောနေ၏ ။ ရှောင်းဖန်ကျင်း ပြောတဲ့စကားအရဆိုရင် ဒီအဘွားကြီးက ရှောင်းကျန့်အပေါ် သာမန်ထက်ပိုတဲ့ သံယောဇဉ်ရှိနေတယ်ဆိုတာ မမှားဘူးပဲ...။

ဒီအိုကြီးအိုမကြီးက အခုထိ မနေနိုင်မထိုင်နိုင် စိတ်ကြွနေသေးတာပဲ...။

" အဲ့ဒီလူယုတ်မာက မယ်တော်ကြီး ကို အရသာရှိရှိ စာသုံးရဲ့လား..''

ဖြန်းးးး...!!!!

ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်နှင့်အတူ ပူထူသွားတဲ့ပါး တစ်ဖက်ကို ချန်ချင်းယွဲ့ အုပ်ကိုင်ကာ သူမရှေ့က မယ်တော်ကြီးအား ဒေါသတကြီး အကြည့်ဆူးဆူးများ ပြစ်လွှတ်လေသည် ။ ရုပ်လေးနဲ့မှမလိုက် ထိတ်လန့်စရာကောင်းသော သူမအရှိန်အဝါကြောင့် မယ်တော်ကြီးမှာ ကြောက်လန့်ဟန် အနောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွား၏..။

My seme in  novel ❤|| Completed ||Where stories live. Discover now