Extra 🚨

31.6K 2.3K 201
                                    

ဘုရင့် ဦးယျာဉ်ထဲရှိ တရုတ်စကားပန်းပင်အောက် စားပွဲလေးတွင် ရှောင်းကျန့်ထိုင်နေသည်..။ ရာသီဥတုက သိပ်သာယာတယ် ဒီလိုအချိန်က သမီးရည်းစားတွေ ချိန်းတွေ့ဖို့အကောင်းဆုံးပဲ..။ ဒါပေမယ့် ရိပေါ်က သဝဏ်လွှာတွေဖတ်နေလို့မအားဘူး...။

ရိပေါ်နဲ့ ရှောင်းကျန့် တွဲနေတဲ့ တစ်လျှောက်လုံး အိနြေ္ဒသိက္ခာရှင်မင်းကြီးက ရှောင်းကျန့် ဟိုဒင်း ဟိုဟာ မပြုရသေးဘူး ။ တကယ် တကယ် အဲ့ ဇာတ်လိုက်ကို ရှောင်းကျန့်မှာ အားမရလိုက်တာ ဆိုတာ..။ တကယ်ဆို ရှောင်းကျန့်က သူ့ကောင်လေးလေ လုပ်ချင်လဲ လုပ်ပြစ်လိုက်ပါလား လို့ ၊ ဘာတွေထိန်းသိမ်းနေရတာလဲ ရှောင်းကျန့်က ဗိုက်ကြီးလာနိုင်တာလဲ မဟုတ်ပဲနဲ့...။

တစ်ခါတစ်ခါ ဆိုရင် မင်းမလုပ်ရင် ငါလုပ်မှာနော်လို့ အရဲစွန့်ပြီးပြောချင်တယ်..။ ဒါပေမယ့် ရှောင်းကျန့်ကေ ရှက်တတ်တော့ ခက်နေတယ်...။

ဒီလိုတွေပြောနေတယ်ဆိုတာအလုပ်ခံချင်လွန်းလို့ ဆိုပြီး မင်းတို့မထင်နဲ့နော် ငါက ဇာတ်လိုက်ကို လိုက်သင့်လုပ်ထိုက်တာလေး ပါရမီဖြည့်ပေးချင်ရုံ (° > °)

စာပွဲပေါ် မေးတင်ကာ တရုတ်စကားပန်းပွင့်လေးကို လက်ညိုးလက်မသုံးကာ ရှောင်းကျန့်အတွေးဝင်နေသည်...။

ထိုစဉ် မိမိခြေထောက်က နူးနူးညံ့ညံ့ အထိတွေ့ကြောင့် ငုံကြည့်မိ၏...။

" အာ..ယုန်လေး ''

မိမိခြေရင်းမှာ ထိုင်နေတဲ့ ယုန်လေးကို ရှောင်းကျန့် ကောက်ပွေ့လိုက်သည်..။

" အရင်က ဒီမှာမရှိပါဘူး ဘယ်လိုရောက်လာတာလဲ မင်းက ''

ယုန်နှာခေါင်းနဲ့ မိမိနှာခေါင်းကို ပွတ်သတ်ကာ လူတစ်ယောက်ကိုမေးသလို ရှောက်းကျန့်ကမေးခွန်းထုတ်၏..။
ယုန်လေးက အဖြူလေး တကယ်အသဲယားဖို့ကောင်းတယ် ။ နောက်နေ့တွေ ဒီယုန်လေးရှိနေရင် ရှောင်းကျန့်မပျင်းရတော့ဘူး....။ အရင် ရက်တွေ လင်းနဲ့ယင်းရှိပေမယ့် အခုတော့သူတိုက ရွာပြန်ချင်တယ်ဆိုပြီး ခနပြန်သွားကြပြီ ။ ကျိုးချန်ဟာလဲ စစ်သူကြီးဖြစ်သွားတော့ရှောင်းကျန့်တစ်ယောက်တည်း သိပ်ပျင်းနေတာ...။

My seme in  novel ❤|| Completed ||Where stories live. Discover now