ep - 6

24.5K 2.9K 122
                                    

16 ပြည်ထောင်ဘုရင်ရဲ့ ပိုက်နက်ထဲမှာရှိတဲ့ ချန်ပြည်နယ်လို့ခေါ်တဲ့ ဒေသငယ်လေးတစ်ခု ၊ အရင် ဝမ်ဘုရင်ရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရတဲ့ ဒီပြည်နယ်ငယ်လေးကို မည်သူတစ်ဦးတစ်ယောက်မှ ကျူးကျော်သိမ်းပိုက်ရဲခြင်းမရှိ။
စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေးကို အဓိကလုပ်ဆောင်တဲ့ ဒီပြည်နယ်လေးဟာ နေ့စဉ်စားဝတ်နေရေးအတွက် တော့မပူမပင် ရှိသည်။ ယောက်ျားမိန်းမ မရွေး ကိုယ်ခံပညာ တတ်မြောက်ထားပြီး တစ်ဦးတစ်ယောက်ချင်းစီကို ပြည်နယ်အပေါ်သစ္စာရှိအောင် ပြည်နယ်ရဲ့သခင်က အသေအချာလေ့ကျင့်ပေးလျှက်ရှိသည်..။

ချန်မုယွင်... ချန်ပြည်နယ်ရဲ့ အရှင်သခင်ဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည်စုံသူတစ်ဦးဖြစ်သည့်အညီ ရုပ်ရည်ရူပကာ ဟာလည်း ယောက်ျားပီသစွာ တင့်တယ်သူဖြစ်၏ ။ ဇနီးဖြစ်သူအပေါ် ချစ်ခြင်းမပါပဲလက်ထက်ထားသည်ဖြစ်စေ သစ္စာတရားကိုတော့ သူအလွန်တန်ဖိုးထားသည် ။

ချစ်ရတဲ့မိသားစုနဲ့အတူ ဒီပြည်နယ်လေးကို အုပ်ချုပ်ရာမှမထင်မှတ်ထားတဲ့အဖြစ်ဆိုးကြောင့် မိမိ မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရတယ် ။ ဒီစိတ်ကြောင့် ပဲ ညီမလေးချန်ချင်းယွဲ့ဟာ အရင်လိုပျော်ပျော် နေတတ်တဲ့ကလေးမအဖြစ်မှ သွေးအေးရက်စက်တတ်သော သူအဖြစ်သို့ရောက်ချင်းမလှရောက်ရှိသွားခြင်းဖြစ်သည်..။ ဒီလိုဖြစ်အောင်ဖန်တီးသွားတဲ့လူယုတ်မာကို မုယွင် လက်စားချေဖို့အချိန်အခါကောင်းတော့ ရှိအောင်ဖန်တီးယူရဦးပါမည်..။ ညီမငယ်ကတော့ တစ်ဇွတ်ထိုး ရှာမည်ဆိုပြီး သူမ သဘောအတိုင်းထွက်သွားလေရဲ....။

လေ့ကျင့်ရေးကွင်းထဲမှာ ဓားရေးလေ့ကျင့်နေသည် မိမိစစ်သည်များအား သဘောကျစွာ ရပ်ကြည့်နေမိသည်။

အင်း..အရင်အချိန်တွေထက် တိုးတက်မှုရှိလာပြီ ။

" မုယွင် ''

အနောက်က ခေါ်သံကြောင့် လှည့်ကြည့်မိတော့ မိမိရဲ့ဇနီးဖြစ်သူ..။

ရွှယ်ယောင် သူမဟာ သိပ်ကိုနူးညံ့တဲ့မိန်းကလေး ၊ မိမိ မိဘနှစ်ပါးဆုံးသွားပြီးကတည်းက ညီမလေးနဲ့ မုယွင်ကို ဒီအခြေနေထိ ရောက်အောင် သူမပဲ ကူညီပေးခဲ့တာ။ဘာလုပ်ရမှန်းမသိအောင်ပြိုလဲနေလဲအချိန်မှာ သူမဟာ မိမိတို့အတွက် တန်ဖိုးမဖြတ်နိုင်ဘူး ။ မိဘတွေကို အံတုပြီး မုယွင်တို့မောင်နှမ ကိုရွေးချယ်ခဲ့တဲ့သူမကို ဘယ်လိုစိတ်မျိုးနဲ့နှင်ထုတ်ရမလဲ ။ ဘာမှစားစရာမရှိတဲ့အချိန် သူမရဲ့ ရွှေပေါ်မြတင် အိမ်တော်ကို ပြန်သွားလို့ရပါလျက် အေးခဲနေတဲ့ပေါက်ဆီကိုအတူမျှဝေစားသောက်ခဲ့တဲ့သူမကို မုယွင် ဘလိုအင်အားနဲ့ငြင်းဆန်ရမလဲ ၊ ရန်သူ့လက်ထဲက အသက်လွတ်ရုံ ခြေတင်ပြေးခဲ့တဲ့ မောင်နှမနှစ်ယောက်ဟာ ဘသူ့အတွက်မှ တန်ဖိုးမရှိတော့ပေမယ့် သူမက တန်ဖိုးထားအသက်သွင်းပေးခဲ့သေးတယ် ။ မိမိတို့ဘဝမှာ မက်မောစရာဘာမှမရှိတော့ပေမယ့် သူမအတွက် မက်မောစရာ မုယွင်ရှိသေးတယ်လို့ငိုယိုပြောခဲ့တဲ့ ကောင်မလေးကို မုယွင်ဘယ်လိုမျိုးစွန့်ပြစ်နိုင်ပါ့မလဲ..။

My seme in  novel ❤|| Completed ||Where stories live. Discover now