" ဒီနေ့တစ်နေ့ ငါကရှင်ဘုရင်မဟုတ်သလို မင်းကလည်းငါ့လက်အောက်ခံမဟုတ်ဘူး ချန်မုယွင် ၊ ဒီနေ့ ငါတို့က ပြိုင်ဖက်တွေ..''
တောငယ်လေးရဲ့တစ်နေရာ..၊၊
လေပြည်ညိမ့်ညိမ့်လးတိုက်ခိုက်သည်ကြောင့် ရှည်မြောမြောသစ်ရွက်ပွတ်တိုက်သံတို့တာ မတိုးမကျယ်ထွက်ပေါ်လာသည် ။မိမိကို ထိုနေရာသို့ချိန်းဆိုခဲ့သည့် ဝမ်ဧကရာဇ် အားချန်မုယွင်ကြည့်နေမိ၏။ ဝမ်ရိပေါ်က မိမိထက်အဆပေါင်းများစွာသာလွန်သော်လည်း ဒီလူ့ကိုအသေးအဖွဲလေးတောင်မနာလိုမဖြစ်ခဲ့ဖူးပေ သို့သော် သို့သော် ရှောင်းကျန့်နှင့်ပတ်သတ်၍ ဒီလူ့ကို ပထမဆုံးအကြိမ် မုယွင်အနိုင်လိုချင်မိ၏..။
" ဒီနေ့ ငါတို့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိတယ် ချန်မုယွင် ''
ခွပ်..!!!
စကားအဆုံးကျရောက်လာသော ဝမ်ဧကရာဇ်၏ လက်သီးတစ်ချက်က မုယွင်၏ပါးပေါ်..။ မုယွင် စိတ်ကိုတင်းထားတာ ပြန်မလုပ်မိ ၊ နှုမ်ခမ်းစွန်းထက် စိုထိုင်းထိုင်းဖြစ်သွားသော သွေးကိုသာ လက်ခုံနှင့်သုတ်ဖယ်ကာ ခပ်စူးစူးကြည့်၏..။" ဟက် ငါ့ကိုပြန်ထိုးလေ ချန်မုယွင်..''
လှောင်ရယ်သံနဲ့အတူ နောက်တစ်ကြိမ်ကျလာသော လက်သီးတစ်ချက်.....၊
" ဝမ် ရိ ပေါ်...!!"
ခွပ်..!!
" ဘာလို့ နောက်တကြိမ်ပြန်ပေါ်လာရတာလဲ..''
ခွပ်..!!
" ရှောင်းကျန့်ရှိတဲ့ဘယ်နေရာမဆို ငါအချိန်မရွေးပြန်ပေါ်လာနိုင်တယ် ''
" မင်းကိုယ်တိုင် သူ့ကိုစွန့်လွှတ်ခဲ့တာလေ..''
" ငါ ငါဘယ်တုန်းကမှမစွန့်လွှတ်ခဲ့ဘူး ''
" ဘာလို့ သူများပြောတာကိုလွယ်လွယ်ယုံခဲ့တာလဲ...''
" မင်းညီမ လိမ်ခဲ့တာလေ ''
" ......... ''
စကားတစ်ခွန်းပြီးတိုင်အပြန်အလှန်ကျရောက်လာသော ထိုးချက်တွေဟာ ရိပေါ့်စကားကြောင့် ရပ်တန့်သွားခဲ့သည် ။ ဒဏ်ရာဒဏ်ချက်တွေက မျက်နှာလှလှနှစ်ခုမှာ ရစရာပင်မရှိ ။ နှစ်ယောက်လုံး ခြေကုန်လက်ပမ်းကျစွာ ကျောချင်းကပ်အနေအထားထိုင်ချသည် ။
YOU ARE READING
My seme in novel ❤|| Completed ||
Fantasyရှောင်းကျန့် တစ်ယောက် ဖတ်နေတဲ့ novel ထဲရောက်သွားချိန် ၊ ဇာတ်လမ်းအရ သူ့ရဲ့ဇာတ်ကောင်ဟာ ဝမ်တိုင်းပြည်ရဲ့အမတ်ကြီး ဖြစ်ပြီး ဇာတ်လိုက်မင်းသမီးရဲ့ ကြီးမားတဲ့ လက်စားခြေခြင်းကိုခံတဲ့ ဗီလိန်..၊ အသတ်မခံရအောင် ဇာတ်လိုက်မင်းသမီးနဲ့ချစ်ကြိုးသွယ်ဖို့ ကြိုးစားပေမယ်...