ep - 5

25.1K 2.8K 70
                                    

ဇာတ်လိုက်နဲ့ဇာတ်လိုက်မကြားက အေးတိအေးစက်တလွဲအခြေအနေကြောင့် ရှောင်းကျန့် အမြန်ရှောင်ပြေးချင်သည်။ ရှောင်းကျန့်ထင်တာမမှားဘူးဆိုရင် ဇာတ်လိုက်မအကြည့်တွေက သူ့အပေါ် အမုန်းတွေစုနေသလိုပဲ ။

ဇာတ်လိုက်မက သူ့မိသားစုကိုသတ်တဲ့သူဟာ ရှောင်းကျန့်မှန်းသိသွားပြီလား ။ မဖြစ်နိုင်တာ သိဖို့ကစောပါသေးတယ်.. ဒါဆိုဘာလို့များ...သူ့အကြည့်တွေက..။

အမလေး..ငါသေတော့မယ်ထင်ပါရဲ့..
ဒီအခြေနေကြီးကို တစ်ယောက်ယောက်လာကယ်တင်ကြပါ။

အတွေးနဲ့အတူ ရှောင်းကျန့် ကြက်သီးမွှေးငြင်းတွေထလာလေရဲ့..။

" မင်းကြီးကိုအရိုအသေပြုပါတယ် ''

ထိုစဉ် ကြားလိုက်ရသောလူငယ်တစ်ယောက်ရဲ့အသံ။
ထိုအသံကြောင့် သူတို့သုံးယောက်သား အာရုံက အသံပိုင်ရှင်ဆီသို့တစ်လှည့်..

ဒါ ဒါကဘသူလဲ....

" ကိုယ်ရံတော်ကျိုးချန် ပါလား အမတ်ကြီးကိုပြန်လာခေါ်တာလား ''

ဟမ် ဒါက ကျိုး..ကျိုးချန် လား..။
Wow မိုက်လိုက်တာ ။ ရုပ်ရည်ကလဲ သန့်ပြန့်နေတာပဲ ၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်ရဲ့ ၊ တည်ကြည်တဲ့ရုပ်ရည် က အရင်ဘဝမှာသာဆိုရင် အတော်လေး ဆော်ကြည်မဲ့ရုပ်..။

ဝမ်မင်းကြီးစကားကြောင့် ထိုသူဟာကိုယ်ရံတော်ကျိုးချန်မှန်းရှောင်းကျန့် သိလိုက်တယ်..။
ကျေးဇူးတင်လိုက်တာ ကိုယ်တော်ချောရယ် ။

" အာ ကျိုးချန်လာပြီလား လာ လာ လာ ပြန်ကြရအောင် ''

ထို့နောက်မင်းကြီး ဘက်သို့ပြန်လှည့်ရင်း

" ကျတော်ကိုပြန်ခွင့်ပြုပါဦး မင်းကြီး ၊ နောက်နှစ်ရက်လောက်နေရင် တောင်ပိုင်းနယ်မြေကို သွားဖို့ပြင်ဆင်လိုက်ပါ့မယ် ''

နှုတ်ဆက်ပြီးသည်နှင်တစ်ပြိုင်နက် ကျိုးချန်ကိုခေါ်ဆောင်ကာ ထိုနေရာမှ အမြန်ထွက်ခဲ့သည်..။

ဟူး..အခုမှ အသက်ရှူဖြောင့်တယ် ။

ဝမ်ရိပေါ်ကတော့ အလျှင်အမြန်ထွက်ခွာသွားသော ကျောပြင်သေးသေးကိုကြည့်ပြီး တစ်ခုခုကို အလိုမကျစွာသာ ကျန်ခဲ့တော့သည်..။

My seme in  novel ❤|| Completed ||Where stories live. Discover now