ep - 22

18.1K 2.4K 173
                                    

တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းသော အရပ်..၊ ရက်စက်သော နှိပ်စက်မှုများရဲ့ပျော်မွေ့ရာ ၊ မှောင်မိုက်နေသော အချုပ်ခန်းကျဉ်းလေးထဲတွင် ရှောင်းကျန့် စိတ်ပျက် လက်ပျက်ပင် ထိုင်နေသည် ။ မျက်နာက ဒဏ်ရာ ဒဏ်ချက်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်နှိပ်စက်ခံထားရကြောင်း သိနိုင်သည်။

အသွေးသားထဲထိ ပင် အေးလွန်းသောရာသီဥတုကြောင့် တကား ဒဏ်ရာသေးသေးလေးကပင် တစ်ဆစ်ဆစ်နာကျင်ရသည်..။ ရှောင်းကျန့် ခန္ဓာကိုယ်တစ်ခုလုံးသည် ရဲမက်များ၏ ကျောက်ကန်မှုကြောင့် နာကျင်ကိုက်ခဲမှုများ မနည်းပင်ခံစားနေရ၏...။ ပြင်ပအလင်းရောင်ပင် တွေ့ဖို့ခဲယဉ်းသော်လည်း မျက်နှာကျက် အပေါက်ကလေးဆီမှတစ်ဆင့် လရောင်ကို ရှောင်းကျန့်မြင်နိုင်သေးလို့ တော်ပေးဦးမည် ။

အချုပ်ခန်းဆီဖြာကျနေသော ကျို့တို့ကျဲတဲ လရောင်ကို ဆွေးဆွေးကလေး မော့ကြည့်တော့ ကောင်လေးရဲ့ အေးစက်စက် အကြည့်တွေကို ရှောင်းကျန့် ပြန်မြင်မိပြန်တယ်...။

မလှုပ်နိုင်သည့်ကြားမှ နာနာကျင်ကျင် ပြုံးလိုက်မိပါရဲ့...။

ရိပေါ်က ရှောင်းကျန့်ကို မယုံဘူးဆိုတဲ့ အတွေးသည် ရင်တွင်း အနက်ရှိုင်းဆုံးနေရာအထိ အဆင်မပြေမှုကို ခံစားရကာ လေးလံလာစေသည်...။ သို့ပေတည်း မိခင်တစ်ယောက်လုံး ဆုံးရှုံးသွားတဲ့ ကောင်လေးရဲ့ ခံစားချက်ကိုလဲ သူနားလည်၏ ။ ဒီကောင်လေး ဘယ်လောက်တောင်ခံစားသွားရမလဲ...၊ အမှားအမှန်မခွဲခြားတတ်ပဲ အထင်နဲ့ ဆုံးဖြတ်တာတောင် ရှောင်းကျန့်က ဒီကောင်လေး ကိုမမုန်းရက်ပြန်ဘူး အဲ့ဒိအစား ဒီကောင်လေးနောင်တတွေနဲ့ ရှင်သန်သွားရမှာပဲ စိုးရိမ်သည်...။

ချန်ချင်းယွဲ့...!!
ဝတ္ထုတစ်ပုဒ်လုံးကို အစမှအဆုံး နှောကြေအောင် ဖတ်လာခဲ့ပြီး ရှောင်းကျန့် အထင်ကြီးလေးစားရတဲ့ သမျိုးသမီးဇာတ်လိုက်...၊တစ်ခုနားမလည်တာ ရှောင်းကျန့်က သူမမိဘတွေကိုသတ်လို့ မုန်းတယ်မှန်ပေမယ့် မယ်တော်ကြီးကို ဘာလို့များလုပ်ကြံရပါသလဲ...??

ဒီမိန်းကလေးရဲ့ သွေးထိုးမှုကြောင့် ရိပေါ်ရဲ့ အမုန်းတရားသည်လည်း ရှောင်းကျန့်အပေါ်၌ပိုမိုကြီးထွားလာခဲ့ပြီ...။ သိပ်ကို တော်လွန်းတဲ့ လုပ်ကြံမှု ၊ ချောက်တွန်းမှု ကို ချန်ချင်းယွဲ့ က အကွက်ကျကျ စီစဉ်ခဲ့တယ်..။ မိဖုရားပြောသမျှ ယုံကြည်တဲ့ ကောင်လေးကလဲ အနည်းငယ်မျှပင် စဉ်းစားတွေးခေါ်ခြင်းမရှိ...

My seme in  novel ❤|| Completed ||Where stories live. Discover now