ep - 17

22K 2.5K 155
                                    

ဆောင်းရာသီရဲ့သာမန်ထက်ပိုကဲသော အအေးဒဏ်ကို အံ့တုရင်း နန်းတော်တစ်လျှောက် လမ်းကြမ်းများကို ဖြတ်သန်းခဲ့ရ၏...။ ဝမ်တိုင်သူပြည်သားတို့၏ အုပ်အုပ်သောင်းသောင်း ကြိုဆိုများသည်လည်း တစ်မြို့လုံးပြန့်နှံ့လို့..။

ရှောင်းကျန့်ငယ်ငယ်က စိတ်ကူးယဉ်ဖူးတဲ့ စူပါမန်းတို့ စပိုက်ဒါမန်းတို့ လိုမျိုး သူရဲကောင်းဖြစ်တဲ့ခံစားမှုမျိုး အနည်းငယ်ခံစားမိ၏..။

မြှောက်ပေးရင် အဝှါ တက်အောင် '' က '' တတ်တဲ့ရှောင်းကျန့်က မြင်းပေါ်မှာ မိန့်မိန့်ကြီး ထိုင်ကာ ပြုံးစိစိနှင့်...။

" ရိပေါ်..ge ကိုဆုလေးဘာလေးမပေးချင်ဘူးလား ၊ ဒီလိုကိစ္စမျိုးကို ဖြေရှင်းနိုင်တယ်ဆိုတာ တော်ရုံမဟုတ်ဘူးလေ..၊ အဲ့တော ဆုချသင့်တယ်မလား..ဟင်..''

ဝမ်မင်းကြီးက ကပ်စီးနဲ မယ်လို့ရှောင်းကျန့်တကယ်ထင်မထာဘူး..၊ ဒီကိစ္စတစ်ခုလုံးကို အောင်မြင်ထားတာတောင်မှ ရှောင်းကျန့်ကို ဘာဆုတစ်ခုမှပေးဖို့စိတ်ကူးမရှိဘူးထင်တယ်...။

" ဆုပေးစရာလိုလို့လား ရှောင်းကျန့်ရဲ့ ကျွန်တော်ပိုင်သမျှကို ခဗျားပိုင်နေတာပဲမလား..။ ''

ဇာတ်လိုက်လေးထံက ထိုစကားကမိတော့ ရှောင်းကျန့်ရှက်ရမ်းပြီး မြင်းဇာတ်ကြိုးကို တင်းတင်းဆွဲလိုက်မိတယ်..။ သေချာကြည့်ရင် ပါးမို့မို့လေးတွေက ပန်ရောင်သန်းနေမယ်ထင်ပါရဲ့ ။

ဒီလိုကျ ကောင်လေးက သိပ်သိပ်ရိုတာပဲ..။

နန်းတော်ရောက်သည်နှင့် မယ်တော်ကြီးက အပျိုတော်တစ်သိုက်နှင့် ကြိုဆိုသည်..။ အနောက်မှာလဲ အမတ်များနှင့် သူတို့၏ သားသမီးများလဲ ပါဝင်၏..။ အားလုံးသည် ဝမ်ဘုရင်ကိုဦးစွာအရိုအသေပြု၍ ရှောင်းကျန့်ထံဂုဏ်ပြုစကားများလာရောက်ပြောကြားကြသည်..။ စိတ်မကောင်းစွာပင် ရှောင်းဖန်ကျင်း ကတော့ ဟန်ဆောင်အပြုံးလေးပင် ချိတ်ဆွဲထားနိုင်၏..။

ရှောင်းကျန့်ဆိုတဲ့လူကို အသေသတ်ပြစ်ရန် သူအရမ်းပင် စိတ်အားထက်သန်နေပြီဖြစ်သည်...။ တစ်နည်းမအောင်မြင်လဲ နောက်တစ်နည်းကြိုးစားရုံပေါ့..၊ အရေးကြီးတာ ဒီလူ့ကိုရှင်းပြစ်နိုင်ဖို့ပဲမလား..၊၊ အားလုံးအမြင်မှာ ဒီလူဟာ သူအပေါ်ဘယ်လိုပဲကောင်းနေပါစေ တကယ်တမ်းမှာ သူက ငြိမ့်ငြိမ့်လေးနှိပ်စက်ခံနေရတာ..။ ရှောင်းကျန့်ဆိုတဲ့လူ ဘယ်လိုပဲပြောင်းလဲပါစေ အရင်ချိန်တွေ သူ့အပေါ် တိရစ္ဆာန်တစ်ကောင်လိုဆက်ဆံခဲ့တဲ့အတွက် ပြန်တော့ပေးဆပ်ရမယ်...။

My seme in  novel ❤|| Completed ||Where stories live. Discover now