ep - 3

26.5K 3K 169
                                    

" ဒီပစ္စည်းသေးသေးလေးက အဲ့လောက်တောင်ဈေးကြီးလား ဒီမှာဆိုင်ရှင် ခဗျားရိုက်စားလုပ်နေတာလား ၊ ပြည်သူတွေကိုဂျင်းထည့်နေတယ်ပေါ့ ''

လက်တစ်ဖက်က မုန့်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်နဲ့ ဆိုင်ရှင်ဖြစ်ဟန်တူတဲ့သူကိုလက်ညိုးတစ်ထိုးထိုးပြောနေတဲ့အမတ်ကြီး..၊၊ ဘေးက အစေခံနှစ်ယောက်ကတော့ ခေါင်းတကုတ်ကုတ်နဲ့ သူတို့အမတ်ကြီး ကို ဆက်ရန်မဖြစ်ဖို့တောင်းပန်နေလေဟန်တူတယ်..၊၊ ရိပေါ် အမတ်ကြီးနောက်လိုက်နေတာကြာပြီ ဘာထူးထူးခြားခြားမှမတွေ့ရဘူး ၊ ထူးခြားတာကတော့ အမတ်ကြီးဟာ ကလေးတွေစားတဲ့မုန့်မျိုးစုံကိုတစ်ခုပြီးတစ်ခုစားတယ် ပြီးတော့ ဘာမဟုတ်တဲ့ပစ္စည်းသေးလေးတွေကို ဈေးစစ်နေတယ် ၊ ဈေးစစ်လို့မရရင် ဆိုင်ရှင်နဲ့ရန်ဖြစ်တယ်..။
အမြဲတမ်းစကားကိုလိုတာထက်ပိုမပြောတဲ့ အမတ်ကြီးက အခု သာမန်ပြည်သူကို ကတ်ကတ်လန်အောင်ရန်တွေ့နေတာပဲ...၊၊ အမတ်ကြီးရဲ့ အရင်လုပ်ရပ်တွေကို ကိုယ်တိုင် မမြင်ခဲ့ပါက ဒီပုံစံနဲ့ ရိပေါ်လောလဟာလလို့ ထင်မိတာ အမှန်ပဲ...။
ပြီးတော့ အမြဲတမ်း လူကြီးလူကောင်းပုံစံနဲ့အမတ်ကြီး ဒီနေ့မြင်ရတာ တစ်မျိုးထူးဆန်းနေပြန်တယ် ။ တစ်ဖက်လူကို မရပ်မနားပြောနေတဲ့ နှုတ်ခမ်းထော်ထော်လေးကို ရိပေါ်အာရုံမလွှဲနိုင်....။

ပြောမနိုင်လို့ နှုတ်ခမ်းဆူလိုက်တိုင်း ပေါ်လာတဲ့ မှဲ့နက်လေးကို ကြည့်မိတော့ ကိုယ်နှုတ်ခမ်းကိုယ်ပြန်ကိုက်လိုက်မိတယ်။

ဒီလူ့မှာ ဒီလိုချစ်ဖို့်ကောင်းတဲ့အချက်တွေလဲရှိတာလား..။
ဒါကြောင့်မယ်မယ်က _...

ဆက်မတွေးပဲ လက်ထဲက ဓားရှည်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်..။

" ငါတို့ တစ်နေရာစီ သွားကြမယ် ရန်ချန်း, မင်းက မြစ်ဆိတ်ကိုသွားစုံစမ်း.., မင်္ကာစရာတွေ့ရင် ငါ့ကို ချက်ချင်းသတင်းပို့ ...ကြားလား..''

" ဟုတ်ကဲ့ မင်းကြီး ''

ထို့နောက်အရိုအသေပေးပြီး ကိုယ်ရံတော် ရန်ချန်းက ထွက်ခွာသွားပြီ..။ မင်းကြီးကတော့ အရှေ့ကလူသားဆီက မျက်နှာမလွှဲသေး....

" ရွှေကြိုးပွဲတော်ရဲ့ မင်္ဂလာ အချိန်ကျရောက်လာပါပြီ ''

ထိုအသံကြားသည်နှင့်တစ်ပြိုင်နက် ကြိတ်ကြိတ်တိုးလာတဲ့ လူတွေကြောင့် အမတ်ကြီးကိုမျက်ချေမပြတ်အောင် သေချာဂရုစိုက်နေရတယ်...။ အမတ်ကြီးကတော့ ကြောင်တောင်တောင်မျက်ဝန်းနဲ့ ဒီလူတွေဘာဖြစ်တာလဲလို့ တွေနေဟန်တူတယ်..။ ရုတ်တရုက် တစ်နေရာကိုပြေးသွားသော အမတ်ကြီးကြောင့် ရိပေါ် ခေါင်းတွေပူထူသွားတယ်... ။ ဒီလူကြားထဲမှာ ချော်များလဲရင် အသားပြားဖြစ်သွားနိုင်တယ်ဆိုတာ ဒီမြေခွေးအိုကြီးက မသိလေရော့လား...။ ကိုယ်တိုင်တောင်မသိပဲ ဒီလူ့ကိုသူစိုးရိမ်သွားတာ ဘာကြောင့်လဲ မတွေးတော့... ။

My seme in  novel ❤|| Completed ||Where stories live. Discover now