ep - 21

17.4K 2.3K 133
                                    

မှောင်မိုက်နေသော ည၏ အလယ်..။ တော်ရုံလူသူမသိတဲ့ နေရာရှိ အိမ်ဟောင်းတစ်လုံးတွင် တစ်ကိုယ်လုံး ကြိုးတုတ်ခံထားရသောလူတစ်ယောက် သူ၏ မျက်နှာတွင်လည်း ဒဏ်ရာ အနည်းငယ်ရှိ၏ ။ ပါးစပ်ထဲတွင် အဝတ်စ ဆို့ထားခြင်းခံရပြီး အရှေ့ကလူကို ကြောက်ရွံ့နေသလို ခေါင်းတစ်ခါခါ ပြုနေ၏...။

ရှောင်းဖန်ကျင်း မိမိရှေ့က မည်သူမည်ဝါမှန်းမသိတဲ့ ဝတ်ရုံမည်းနဲ့လူကို ဒူးထောက်ကာ ဦးညွှန့်နေသည်..။ ဘာ့ကြောင့်ဖမ်းဆီးလာလဲ မသိပေမယ့် မိမိအသက်မသေဖို့သာ အဓိကဖြစ်တာမလို့..။ ဒီလူတိုက်ခိုက်တာခံရလို့ တစ်ကိုယ်လုံးလဲ မလှုပ်နိုင်အောင်နာကျင်ခဲ့ရပြီ..။

ဝတ်ရုံမည်းနဲ့သူသည် မိမိရှေ့ ဒူးတစ်ဖက်ထောက်ကာ မထီမဲ့မြင် ထိုင်လာသည်..။ ထိုနောက် လက်တစ်ဖက်ကိုလှုပ်ရှားကာ ပါးစပ်ထဲမှ အဝတ်စ ကို ဖယ်ပေးလာ၏..။

" ခဗျား..ဘာ့ကြောင့် ကျွန်တော့်ကို ဖမ်းလာတာလဲ ကျွန်တော်တို့ ဘာရန်ငြိုးများရှိခဲ့ဖူးလို့လဲ..''

တုန်တုန်ရီရီနဲ့ ပြောတော့ အရှေ့က လူကလှောင်ရယ်လာသည်..။ နူးညံ့တဲ့ရယ်သံမျိုးပေမယ့် ကြက်သီးထစရာကောင်းသည်..။ စိတ်ထင်လို့ပဲလားမသိပေမယ့် မိန်းကလေးတစ်ယောက်လို အသံမျိုးပင်...

" တကယ် မရှိခဲ့ဘူးလား..??''

ထိုစကားအား ပြောရင်း မျက်နှာပေါ်က ဖုံးအုပ်ထားသော အမည်းရောင်ပုဝါကို ဖယ်လိုက်သည်...။

ဟင်...မိ မိဖုရား... ??

ရှောင်းဖန်ကျင်း ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပေ ။ သူ့ရှေ့က အမည်းရောင်ဝတ်ရုံနဲ့သူသည်..တိုင်းပြည်၏ မိဖုရားဖြစ်နေသည်..။

" ကျမကိုမှတ်မိလား ရှောင်း ဖန် ကျင်း ''

" မိ..မိဖုရား ''

" မိဖုရားဆိုတာထက် လွန်ခဲ့တဲ့ ငါးနှစ်က ရှင်သတ်ခဲ့တဲ့ ချန်သခင်နဲ့သခင်မရဲ့ သမီးလေ..ဟင် သေချာကြည့်စမ်းပါ ''

ရှောင်းဖန်ကျင်းရဲ့ မေးစေ့ကို ခပ်ကြမ်းကြမ်း ဆွဲမော့ကာ ချန်ချင်းယွဲ့က အံကြိတ်ကာပြောလာသည်..။ ရှောင်းဖန်ကျင်းကတော့ အတွေးတွေ ဟာနေပြီ ..

My seme in  novel ❤|| Completed ||Where stories live. Discover now