ep - 11

21.8K 2.6K 114
                                    

" မင်းကြီး..အမတ်ကြီးက ပြန်သွားလောက်ပါပြီ ''

ညီလာခံပြီးကတည်းက အမတ်ကြီးကိုလှည့်ပတ်ရှာနေသော မင်းကြီးကြောင့် ကိုယ်ရံတော် တစ်ကောက်ကောက်လိုက်နေရတာ ညောင်းလှပြီ ။ ဒီမင်းကြီးက တစ်နေ့တစ်ခြားမူမမှန်တော့သလိုပဲ..၊ အမတ်ကြီးကိုမတွေ့ရရင် သူ့မှာအရူးကျနေတာပဲ..။

ကျွန်တာ့်ကိုလဲသနားကြပါဦး.....။

ဒါနဲ့ ညက မင်းကြီးနဲ့ အမတ်ကြီးဘယ်လိုများအိပ်ကြလဲမသိဘူး..။ အဲ့အကြောင်းတွေးပြီး ရန်ချန်းမှာတစ်ညလုံးအိပ်မပျော်ဘူး...။

ဟိုလို ဟိုလို တွေတော့မဟုတ်လောက်ဘူးမလား..(> _ <)

ရိပေါ် ခြေလှမ်း ရပ်လိုက်မိတယ်..။ သူက အမတ်ကြီးနှုတ်ခမ်းပေါ်က အမှတ်အသားလေးကို ကြည့်ချင်သေးတာ...၊ အမတ်ကြီးက ပြန်သွားပြီတဲ့ လိုက်ခေါ်သင့်လား...

" မင်းကြီး..မင်းကြီး ''

ထိုစဉ် အနာက်က ရပ်ကွက်ဆန်တဲ့အသံ..ကြောင့် ရိပေါ် မျက်မှောင်ကြုပ်ကာ ခပ်စူးစူးကြည့်လိုက်သည်..။

ငါစိတ်ကြည်နေတာ မဟုတ်ဘူးနော်..(> _ >)

" အထိန်းတော်ကြီး အိနြေ္ဒ မရှိလိုက်တာ ဘာဖြစ်လာတာလဲ ''

ဒေါသ သံဝေနေသော အော်ငေါက်သံအဆုံး အထိန်းတော်ကြီးမှာ မြေပြင်ထက်ဒူးထောက်လျှက်သား.....။

" တောင်းပန်ပါတယ် မင်းကြီး..''

" လာရင်းကိစ္စကိုသာပြော..''

" မယ်တော်ကြီး မူးလဲလို့ပါ မင်းကြီး''

ရိပေါ်ရဲ့စိတ်အစုံဟာ မယ်တော်ကြီးကို စိုးရိမ်စိတ်တစ်ဖန်ပြန်ပေါ်လာပြန်သည်..၊ မယ်တော်ဟာ ခမည်းတော်ကို မချစ်ခဲ့သည် ဖြစ်စေကာမူ ရိပေါ်အပေါ်ကိုတော့ မိခင်ဝတ္တရားကျေပွန်ခဲ့၏ ။ ခမည်းတော် ဆုံးပါးသွားချိန်၌လဲ ပူပန်ခြင်းအစုံမရှိတဲ့မယ်တော်ဟာ အမတ်ကြီးရှောင်းကျန့်ကိုတော့ လိုတာထက်ပိုနေခဲ့တယ်..၊ အရင်က ရိပေါ်ရှောင်းကျန့်ကို မုန်းရတဲ့အကြောင်းအရင်းကလဲ ဒါ့ကြောင့်ပဲ ၊၊

အထိန်းတော်ကြီးစကားအဆုံး ရိပေါ်ခြေလှမ်းတွေဟာ မယ်တော်ရဲ့ အဆောင်သို့....။

My seme in  novel ❤|| Completed ||Where stories live. Discover now