ep - 9

22.3K 2.7K 75
                                    

ဝမ်တိုင်းပြည်သို့ပြန်ရာ လမ်းခရီးသည်ဝမ်ဘုရင်ကိုယ်တိုင်လိုက်ပါလာလို့ထင်ရဲ့ အသွားခရီးထက် ပြေပြစ်နေခဲ့သည်။
ဝမ်ဘုရင် အပါအဝင် လမ်းခရီး၌ လိုက်ပါသူ တစ်ယောက်ချင်းစီဟာ ကျွမ်းကျင်စွာ မြင်းကိုယ်စီ စီးနှင်ပေမယ့်

ထိုမြင်းအုပ်ကြားမှာတော့ ကိုးလိုးကန့်လန့် ဝေါယဉ်တစ်စီးက ယိုင်တိယိုင်တိုင် ပါဝင်နေသည်။

ဝေါယဉ်အထဲမှာလဲ ကုလားသေကုလားမော အိပ်မောကျနေတဲ့ အမတ်ကြီးဟာ ကမ္ဘာပျက်တောင် နိုးမည့်ပုံမမြင်..။
အိပ်ပျော်နေတဲ့ရှောင်းကျန့် မျက်နှာကို ရိပေါ် ကဲကြည့်မိတော့
နဂိုပြစ်ချက်ကင်းတဲ့ မျက်နှာလှလှဟာ နေရောင်ကြောင့် ဝင်းဝင်းလေးဖြစ်နေသည် ။ ရှည်လျှားတဲ့ မျက်တောင်ကော့ကော ဟာ အောက်မျက်ခမ်းပေါ် အရိပ်ကျနေပြီး ခပ်တိုးတိုး အသက်ရှူသံနှင့်အတူ မှဲ့နက်ကလေးပေါ်က နီစွေးစွေး နှုတ်ခမ်းပါး တစ်စုံဟာလည်း အနည်းငယ်ပွင့်အာနေသည်။

ညက ကိစ္စကြောင့် အမတ်ကြီး အိပ်ရေးပျက်မယ်ဆိုတာ တွေးကြည့်စရာပင်မလို.. ။ ညက..အင်း ညက သူတို့ခူးထားတဲ့ သရက်သီးတွေတစ်လုံးမှမရလိုက်ဘူး.. ၊ သရက်သီးခိုးတာ ပိုင်ရှင်အဖိုးကြီးမိသွားလို့ တစ်ညလုံး လေပွားခံနေရတာ မနက်လင်းခါနီးမှ ပြန်အိပ်ရတာကို..။

အဲ့ချိန်က ဆူပုတ်နေတဲ့ ရှောင်းကျန့်မျက်နှာဟာ တကယ်ရယ်ရတယ် ။ ရိပေါ်ကြောင့်ဆိုပြီး မျက်စောင်းတစ်ထိုးထိုး ၊ ရိပေါ်က ဝမ်မင်းကြီးဆိုတာတောင်သူသိရဲ့သေးလား..။

ဒီလူက ဆောင့်ဆွဲပြစ်ချင်စရာ ကောင်းလွန်းတယ်..။

တစ်လမ်းလုံး အမတ်ကြီးကို ကြည့်ကာ ပြုံးစိစိဖြစ်နေတဲ့ ဝမ်မင်းကြီးကြောင့် ကိုယ်ရံတော်ရန်ချန်းပြောတာ ဟုတ်နေပြီထင်တယ်လို့ လင်းနဲ့ယင်း လက်ကုတ်မိတယ်..။

" ဟုတ်နေပါပြီဟယ် မင်းကြီးကိုကြည့်ပါဦး ငါတို့အမတ်ကြီးကို ဝါးစားမတတ်ကြည့်နေတယ် ''

ယင်းက လင်းကို လက်ကုတ်ကာ ခပ်တိုးတိုးပြောတယ်.. ။

" တိုးတိုး ပြောပါ ယင်းရယ် တော်ကြာ ကြားသွားလို့ ရှက်ပြီးသေဒဏ်ပေးနေဦးမယ် ''

My seme in  novel ❤|| Completed ||Where stories live. Discover now