ep - 15

21.2K 2.7K 147
                                    

" အခုချိန်ထိ ဒီရောဂါကိုကုနိုင်မယ့် သမားတော် မရှိဘူးပေါ့ ၊ ဒါဆို ၁၆ ပြည်ထောင်လုံးမှာ ရှိနေတဲ့သမားတော် တစ်ယောက်ချင်းစီက ဘာ့အတွက်အသက်ရှင်နေကြသေးတာလဲ..၊ ၁၆ နိုင်ငံ ၁ နိုင်ငံစီက သမားတော်တွေ ရောဂါကုသဖို့ မသွားမဖြစ် သွားရမယ်ဆိုတာကို အမိန့်စာ ပါးလိုက် ရန်ချန်း ပြီးရင် ငါကိုယ်တော်လဲ ရောဂါဖြစ်ရာ ဒေသကိုသွားမယ် နန်းတွင်းသမားတော်တွေကိုလဲ အသင့်ပြင်ခိုင်းထားလိုက် ''

ညီလာခံအတွင်း ဝမ်မင်းကြီးရဲ့ ဒေါသသံပါတဲ့အမိန်မှာ အနီးတစ်ဝိုက် ရှိနေတဲ့ အမတ်တွေခေါင်းမဖော်ရဲကြ..။ ကံကောင်းတာက မြောက်ပိုင်းခရီးစဉ်ဟာ သမားတော်တွေပဲ အဓိကလိုက်ရမယ့် ခရီးစဉ်ဖြစ်တဲ့အတွက် သူတို့အမတ်တွေ အနည်းငယ်အသက်ရှူဖြောင့်၏...။ ဒီကပ်ရောဂါဆိုးကြီးရှိရာ နယ်မြေကို ဘယ်သူက အသာတကြည် သွားချင်ပါ့မလဲ...။

ရှောင်းကျန့်ကတော့ ဒီရောဂါဟာ ဘယ်လိုရောဂါမျိုးလဲဆိုတာ သိချင်နေတယ်..၊ ပြန်ကုသလို့မရဘူးဆိုတာတော့ဟုတ်နိုင်မယ်မထင်ဘူး...။

သူလဲ ဇာတ်လိုက်နဲ့ လိုက်သွားရင်ကောင်းမလား...။

လိုက်ခဲ့ချင်ပါတယ်လို့ သွားပြောရအောင်လဲ မျက်နှာချင်းမဆိုင်ရဲတော့ ခက်နေတယ်..။ နမ်းပြီးကတည်းက အရှက်မရှိပဲ လိုက်ကပ်နေတဲ့ဇာတ်လိုက်ကြောင့် ရှောင်းကျန့်လေးက တကယ် တကယ်ကို အနေအထိုင်ကျဉ်းကျပ်ရပါတယ်...

ညီလာခံရုတ်သိမ်းတော့ ရိပေါ်က အရင်ထွက်သွားနှင့်ပြီ..

ထွက်သွားတာတောင် သကောင့်သားက ရှောင်းကျန့်ဘေးနားက ကပ်သွားပြီး ရှောင်းကျန့်ဘက် လှည့်မှုတ်သွားသေးတာ..။

နှဖူးကိုလေနဲ့မှုတ်သွားတာနော်...

ဇာတ်လိုက်လေးက သိပ်သိပ်ဆိုး...
စပ်ဖြီးဖြီးနဲ့ ရှက်နေတဲ့ ရှောင်းကျန့်က နှုတ်ခမ်းကြီးဆူ ဝတ်ရုံလက်ရှည်ကို စောင့်ဆွဲပြီးပွတ်သတ်နေလေရဲ့...။

ရှောင်းကျန့်ဖြစ်နေတဲ့ ပုံကို အထူးအဆန်းကြည့်ပြီး အမတ်တွေကတော့ လက်တို့ကာ တီးတိုးပြောနေကြပြီ..။

" အခုတစ်လော အမတ်ကြီးရှောင်းကျန့် က သူငယ်ပြန်ချင်နေတာများလား...''

My seme in  novel ❤|| Completed ||Where stories live. Discover now