ep - 13

21.4K 2.7K 106
                                    

ဆောင်ကြာမြိုင်ပြသနာဖြေရှင်းပြီးတဲ့နောက်မှ ရှောင်းကျန့်က ရိပေါ်ဒဏ်ရာကို အစိုးရိမ်လွန် မူယာပိုပြကာ နန်းတော်ကိုလိုက်ခဲ့တယ် ။ ဒီအခွင့်အရေးကိုယူတတ်ရင် ရှောင်းကျန့်က ဇာတ်လိုက်ရဲ့ ကောင်လေးဖြစ်လာနိုင်တယ်လေ ၊ ကိုယ့်လက်ထဲရောက်နေတဲ့အခွင့်အရေးကို လက်လွှတ်ခံပြီး သဘောထားကြီးစွာ ဇာတ်လိုက်မကို ပေးမှာတဲ့လား..။

ရိပေါ်ကိုဆေးထည့်ပေးရင်ဆိုတဲ့အတွေးနဲ့ တခြားအတွေးတွေချော်တွေးမိတဲ့အခါ ရှောင်းကျန့် ရှက်မိတယ်..။ မိန်းကလေးဝတ်စုံကြီးဝတ်ထားတာကိုသတိမထားမိပဲ ကို့ယို့ကားယား ရှက်နေတဲ့ရှောင်းကျန့်ပုံက အများအမြင်မှာရယ်စရာကောင်းနေမှာတော့အသေအချာပဲ ။ ဝမ်းနည်စရာကောင်းတာက နန်းတော်ရောက်တဲ့အထိ ဇာတ်လိုက်က စကားတစ်ခွန်းတောင်မပြောဘူး(T o T) ။

သွေးတစ်စိမ့်စိမ့်ကျနေတဲ့ ဒဏ်ရာကို ဂရုစိုက်ပေးချင်ပေမယ့် ရိပေါ်မျက်နှာထားကြောင့် ရှောင်းကျန့်ဟာ အနားကပ်ဖို့တောင်ခက်ခဲပါတယ် ၊ မျက်နှာသေကြီးနဲ့ နှုတ်ခမ်းတွေတည့်တန့်နေတဲ့ဇာတ်လိုက်က အတော်ကြည့်ကောင်းတာတော့လိမ်မရ ။ဇာတ်လိုက်ရဲ့ မျက်နှာအမူအရာ မဲ့နေသော်လဲ မျက်လုံးများက အနက်ရောင်ညနှင့်တူနေပြီး ဘေးပတ်ဝန်းကျင်ကို အသံတစ်စိုးတစ်စိမထွက်ရဲအောင်ဖန်တီးနေသည်။ လက်မောင်းက ဒဏ်ရာက နာလို့ပဲလား မသိဘူး မျက်ခုံးတွေကြုပ်ထားတဲ့ပုံက တစ်ချက် တစ်ချက် ကြည့်မိတဲ့ရှောင်းကျန့်တောင် ကြက်သီးထမိတယ်...။တစ်ကိုယ်လုံးမှာ ကြောက်စရာကောင်းလောက်အောင်အေးစက်သည့်အရှိန်အဝါတွေကို လွှင့်ထုတ်နေ၏။

ဒီပုံစံနဲ့ စိတ်ကူးယဉ်ထားတဲ့ နှုတ်ခမ်းချင်းညားဖို့ဆိုတာ့ ဖစ်နိုင်ပါ့မလား တွေးမိတော့ ရှောင်းကျန့်လေးဝမ်းနည်းသွားတယ်။

တစ်ဆိတ်လောက်ဇာတ်လိုက်ရေ မင်းရဲ့အရှိန်အဝါတွေကို ခနလေးထုပ်သိမ်းထားပေးပါလား (i v i)

လက်မောင်းက ဒဏ်ရာကိုအုပ်ကိုင်ကာ နှုတ်ခမ်းတွေဖြူစုတ်လာတဲ့အခါ ရှောင်းကျန့်ပူထူသွားတယ်.. ။ အနာရှိန်ကြောင့် ဇာတ်လိုက်ကဖျားတော့မယ်..၊ ရင်ထဲကစိုးရိမ်စိတ်ကလဲ ငယ်ထိပ်ထိ လှိုက်တက်လာရော ..။

My seme in  novel ❤|| Completed ||Dove le storie prendono vita. Scoprilo ora