ep - 12

22.3K 2.8K 339
                                    

ဝမ်တိုင်းပြည်ရဲ့ ကြယ်ရောင်စုံညတစ်ည..၊ သန်ခေါင်ယံအချိန်ဖြစ်လို့ တစ်တိုင်းပြည်လုံးတိတ်ဆိတ်စွာ အိပ်မောကျနေကြတယ်။ မြို့လယ်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာတော့ အရပ်သားဖြစ်ဟန်တူတဲ့ လူလတ်ပိုင်းလူတစ်ယောက်နဲ့ ဂေဟာ ပိုင်ရှင်ဖြစ်ဟန်တူတဲ့ ဆေးဆိုးပန်းရိုက်မျက်နှာပိုင်ရှင်အမျိုးသမီးတစ်ဦး လူအရောင်းအဝယ်ပြုလုပ်နေကြ၏...။

" ငွေတုံးက ဒီလောက်ပဲလား..ငါရောင်းတဲ့မိန်းကလေးက အချောလေးလေ ပြီးတော့အပျိုစစ်စစ်ကွ..''

" ဒီလောက် အားနည်းတဲ့ပုံပေါက်တဲ့မိန်းကလေးက ဘယ်လောက်ကြာကြာ ခံနိုင်ရည် ရှိမှာမို့လဲ ။ ဒီဈေးထက်တော့ပိုမပေးနိုင်ဘူး ၊ နောက်တစ်ခါဆိုရင် ကိုယ်ခံအားကောင်းမယ်ထင်တဲ့ မိန်ကလေးမျိုးကိုလာ ရောင်း ဟုတ်ပြီလား အဲ့အခါမှဈေးပိုပေးမယ်..သွားတော့..''

လူလတ်ပိုင်းအမျိုးသားရဲ့စကားကို ဆေးဆိုးပန်းရိုက် မျက်နှာပိုင်အမျိုးသမီးက ပြန်လည်ခွန်းတုန့်ပြန်ပြောဆို၏..။ အဆိုပါအမျိုးသား ထွက်သွားသည်နှင် မြေပြင်ထက် ပုံလျှက်သား မိန်းကလေး ထံ အရွယ်ညီထိုင်ကာ လက်ညိုးသုံး၍ မိန်းကလေးရဲ့ မေးစေ့ကိုပင့်ကြည့်၏..။

" မဆိုးပါဘူး..ဒီကောင်ရှာတတ်သားပဲ ''

မဲ့ပြုံးတစ်ချက်နဲ့အတူ မျက်နှာကိုလဲ ဟိုဘက်ဒီဘက်လှည့်ကြည့်သည်..။ ပါးစပ်ထဲအဝတ်နဲ့ အပိတ်ခံထားကာ လက်နောက်ပြစ် ကြိုးတုတ်ခံထားရတဲ့ မိန်းကလေးကတော့ မျက်ရေတွေသွင်သွင် စီးကျကာ မရက်စက်ရန် ခေါင်းခါ တောင်းပန်နေ၏...။ သို့ပေမယ့် အရှေ့ကမိန်းမကတော့ သနားဟန်တစ်စိုးတစ်စိ မှပင်ရှိဟန်မတူပဲ မိန်းကလေးရဲ့ပါးပြင်ပေါ်က မျက်ရေတွေကို သူမရဲ့ လက်နုနုသုံးကာ သုတ်ပေးသည် ။ တကယ်ကိုပင် နူးနူးညံ့ညံ့ လေး သို့ပေမယ့် သွေးအေးရက်စက်မှုတွေပါ၏...။

" မင်းက ဒီနေ့ကစပြီး ဒီဂေဟာက အပျော်မယ်ဖြစ်သွားပြီ ဧည့်သည်တွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့သင်ပေးမယ် ၊ ထွက်ပြေးမယ် ဆိုရင်တော့ မင်းကို သတ်ရလိမ့်မယ် ..နော်.. အဲ့တော့ လိမ်လိမ်မာမာ စကားနားထောင် ''
_______________________________

My seme in  novel ❤|| Completed ||Onde histórias criam vida. Descubra agora