Bad Boy - 6

7.1K 599 21
                                    


ရီပေါ်တစ်ယောက် ထိုကိစ္စဖြစ်ပြီးကတည်းက ကျောင်းမလာတာ နှစ်ရက်ပင်ရှိသွားပြီ ဖြစ်သည်။
ရှောင်ကျန့်လည်း ရီပေါ်ကိုတောင်းပန်ရန် အကူညီတောင်းပြီးမှ အပြစ်ထပ်လုပ်မိသဖြင့်
ဆရာလောင်ရှီအား အကူအညီ ထပ်တောင်းမရဲတော့‌ချေ။

ထို့ကြောင့် ကြံရာမရသည့်အဆုံး ရှောင်ကျန့်တစ်ယောက် မိမိကိုယ်ကို စတေးခံကာ
ပါးရှောင်းလူအား ဂိုက်ဆရာငှားပေးရန် တောင်းဆိုလိုက်လေသည်။ရှောင်းလူလည်း အစကတော့ မယုံချင်ပေမဲ့ စာသင်နှစ်လေးနှစ်မြှောက်မှာ ပထမဆုံး "စာကြိုးစား‌တော့မယ် ဂိုက်ခေါ်ပေးပါ " ဟူသော ရှောင်ကျန့်၏ စကားကြောင့် ရှောင်းလူတစ်ယောက်
အလွန်အံ့ သြသွားခဲ့ရလေသည်။

ထို့ကြောင့် နာမည်ကြီး ဂိုက်ဆရာများအား စုံစမ်းခိုင်းကာ ရှောင်ကျန့်ကို စိတ်ကြိုက်ရွေးချယ်ခိုင်းလေသည်။သို့သော်လည်း
ရှောင်ကျန့်က ဆရာလောင်ရှီ၏တူသာ စာသင်ကောင်းကြောင်း ၊ ကျောင်းမှာလည်းစာသင်ပေးပြီး အိမ်မှာပါ တစ်ခေါက်ပြန်သင်ပေးလျှင် စာပိုရနိုင်ကြောင်း......
စသော‌အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကျန့်တစ်ယောက် ရီပေါ်အကြောင်းကို ရှောင်းလူရှေ့ တွင်စိတ်ကြိုက် အမွှန်းတင်နေတော့သည်။

ရှောင်ကျန့်က အမွှန်းတင်လွန်းသော လောင်ရှီ၏တူလေးအကြောင်းကို ရှောင်းလူတစ်ယောက် လူလွှတ်၍ သေချာလေ့လာကြည့်လေသည်။
အရှုပ်အရှင်းကင်း၍ ပညာရေးအခြေအနေကလည်း
ထူးချွန်တဲ့သူတစ်ယောက် ဖြစ်သည့်အတွက် ရီပေါ်ကို ရှောင်းကျန့်အတွက် စာသင်ပေးရန် လောင်ရှီအား အကူညီတောင်းလိုက်လေသည်။

လောင်ရှီက ရီပေါ်ကို ရှောင်ကျန့်နမ်းလိုက်သော ကိစ္စကို မသိပေမဲ့ ရှောင်ကျန့်ကဲ့သို့ လမ်းမယူသည့်
အပြင် ရီပေါ်ကို အနာတရဖြစ်စေသောသူနှင့် အတူမထားချင်ပေ။သို့သော်လည်း ရှောင်ကျန့်၏ပါးက လောင်ရှီ၏သခင်လည်း ဖြစ်သလို ၊ ကျေးဇူးရှင်လည်းဖြစ်သော‌ကြောင့်
ရှောင်းလူရဲ့ တောင်းဆိုမှုကို လောင်ရှီတစ်ယောက် မငြင်းနိုင်ဘဲ လက်ခံခဲ့ရလေသည်။

...................................................................

သောကြာနေ့ည 6:30

BAD BOYWhere stories live. Discover now