Bad Boy - 35

3.1K 287 73
                                    

" ကိုကို သူနိုးလာပြီး "

"အင်း "

"ကိုကို အပြင်ခဏထွက်ပေးပါလား ? ။
ကလေး သူနဲ့စကားခဏပြောချင်လို့ "

" ဘာပြောမလို့လဲ ကလေးရဲ့ ? ။သူပြောတာတွေ ကလေးတကယ်ယုံမနေနဲ့နော် "

"အင်းပါ ကလေးသိပါတယ် ။ ကိုကိုသာ စိတ်ချလက်ချနဲ့ အပြင်မှာသွားစောင့်နေပေး ...
ဟုတ်ပြီလား? " ဟုဆိုကာ ရီပေါ်တစ်ယောက် ရှောင်ကျန့်ကိုယ်လေးအား အခန်းပြင်သို့တွန်းလိုက်ကာ တံခါပိတ်လိုက်လေသည်။

လင်းတစ်ယောက် နိုးနိုးချင်း ရှောင်ကျန့်ကိုမတွေ့ ဘဲ
ရီပေါ်ကိုသာ တွေ့  လိုက်ရသော‌ကြောင့် ရီပေါ်အား
"မောင်ရော  ? " ဟု  မေးလိုက်‌မိ‌လေသည်။

"အင်း ကိုကို့ကို အပြင်မှာစောင့်ခိုင်းထားတယ် ။
အခု ကျွန်တော် ခင်ဗျားနဲ့သေချာစကားပြောဖို့ လိုအပ်နေပြီး "

"ဟင် ? ! ဘာပြောစရာ လိုသေးလို့လဲ ? ။ မောင်က လင်း အပိုင်လေ ။ လင်းကသာ မောင်နဲ့အရင်ဆုံးလက်ထက်ထားတဲ့သူလေ ။ ဘာစကားတွေကို ရှင်းလင်းဖို့ လိုသေးလို့လဲ ? " ဟူသော လင်း၏စကားအဆုံးမှာ ရီပေါ်တစ်ယောက်
လင်းအား မှင်သေသေဖြင့်ကြောင့်ကြည့်နေမိသည်။

" ကျွန်တော်လည်း ကိုကိုနဲ့လက်ထက်ထားတဲ့သူပဲလေ ။
ကိုကိုကလည်း ကျွန်တော့်အပိုင်ပဲလေ ။ ဒါတွေကြောင့် ကျွန်တော်တို့ စကားသေချာပြောဖို့ လိုနေပြီမလား ? " ဟုဆိုကာ ရီပေါ်ကလင်းအား မျက်ခုံးလေးပင့်ကာ မေးတော့ .....
လင်းက တစ်ချက်စဉ်းစားဟန်ပြုလိုက်ပြီး ခဏအကြာ ရီပေါ်၏စကားအား ထောက်ခံသည့်အနေဖြင့် ခေါင်းလေးအနည်းငယ် ငြိတ်ဟန်ပြုလေသည်။

"ဆို‌တော့ကာ မင်းကဘာဖြစ်ချင်တာလဲ ? ။"

"ကျွန်တော် ဖြစ်ချင်တာက ခင်ဗျား ကိုကိုနဲ့ကွာပေးပါ "

"ဘာအကြောင်းကြောင့် ? ! "

"ဘာလို့ဆိုတော့ ကိုကိုက အရင်ကခင်ဗျားနဲ့ဘယ်လိုပဲသက်ဆိုင်ခဲ့ပါစေ .....
အခုက ကျွန်တော့်အပိုင်ပဲ။ အရင်က ခင်ဗျားကို
ကိုကိုဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ အခုကိုကိုချစ်တဲ့သူက ကျွန်တော်ပဲ ။ခင်ဗျားက ကိုကို့အတွက် အတိတ်ကအမှားတစ်ခုပဲ။ ကိုကိုနဲ့ခင်ဗျားရဲ့ ဇာတ်လမ်းကလည်း လက်ထက်ပြီး
တစ်ပတ်အကြာမှာ ပြတ်စဲသွားခဲ့ပြီးပဲ ။ ကျေးဇူးပြုပြီး ကိုကို့ကို လက်လွှတ်ပေးပါ "

BAD BOYWhere stories live. Discover now