Bad Boy - 7

6.7K 524 20
                                    

‌ရှောင်ကျန့်တစ်ယောက် ဒီရက်ပိုင်းအတွင်း စာအရမ်းလုပ်လာတယ်.........
အရင်က စက်ဘီးနင်းရမှာ ပျင်းလို့ဆိုပြီး ကျောင်းကိုဆိုင်ကယ်နှင့်လာ‌သော ရှောင်ကျန့်တစ်ယောက်......
အခုတော့ အစိမ်းရောင်ခြယ်ထားသော စက်ဘီးလေးကိုသာ နင်း၍ကျောင်းလာလေသည်။

ကျန်ချန်းတို့ကမေးတော့လည်း "အ‌ကြောင်းပြချက်မရှိပါဘူး.......
ဒီတိုင်းစီးချင်စိတ် ပေါက်လာလို့ပါ " ဟူ၍သာ ဖြေလေသည်။ထိုသို့နေ့ရွှေ့ညရွှေ့နှင့် အချိန်ကုန်ခဲ့ရာ
ဒုတိယလပတ် စာမေးပွဲအချိန်အခါပင် ရောက်လာ‌လေ‌တော့သည်။

အရင်က စာမေးပွဲ‌ဖြေရာတွင် စာမေးပွဲအခန်းကို
ဆရာတွေသာ လာစောင့်ပေးသော်လည်း........
အခုတွင် ဆရာလောင်ရှီက စာမေးပွဲရက်အတွင်း
အလွန်ဖျားနေသော‌ကြောင့် ဂိုက်ဆရာဖြစ်သော ရီပေါ်ကသာ ဆရာ‌လောင်ရှီအစား လာစောင့်ပေးရလေသည်။

"ကယ် ! ဒီနေ့ကျွန်တော် အတန်းစောင့်ရမှာ......
ကောင်းကောင်းဖြေကြနော်......."

"အင်း......."

စာမေးပွဲခန်းထဲတွင် ရီပေါ်တစ်ယောက် ‌အခန်းရှေ့နှင့် အနောက်ကို ခေါက်တုံ့ ‌ခေါက်ပြန်လျှောက်နေတုန်း...........

ရှောင်ကျန့် - "ယီဘင် ..."

ရှောင်ကျန့်က ယီဘင်ကို လေသံလေးဖြင့် ခေါ်တော့ ယီဘင်က ဘာလဲဟူသော ပုံစံဖြင့် မော့ငေါ့ပြ‌နေစဉ်..........

ရီပေါ် - "ဒါဘာလုပ်တာလဲ?!!!!...."

ကျောင်းသား - "စာမေ့သွားလို့ပါ....."

ရီပေါ် - " မေ့သွားရင် အခြားဟာရေးပေါ့.......
အခုဟာက စာမေးပွဲစောင့်ပေးတဲ့ ကျွန်တော့်ကို
မလေးစားတာလား?!......ဒီလို ကူးပြီးရေးတဲ့အဖြေလွှာကို ကျွန်တော်တို့က အပင်ပန်းခံပြီး စစ်ပေးရတာ‌ဗျ..!!........
ခင်ဗျားတို့ နည်းနည်းလောက်ကိုယ်ချင်းစာကြည့်ကြပါဦး!!....."

ဟုဆိုကာ ရီပေါ်တစ်ယောက် အလွန်ပေါက်ကွဲနေသဖြင့် တစ်ဖက်ကျောင်းသားက ရီပေါ်ကို တောင်းပန်ကာ နောက်မလုပ်‌တော့ရန်
ကတိပေးလေသည်။

ထိုအခြေအနေမှ တစ်စုံတစ်ရာသော အ‌ကြောင်းကို
သတိထားမိသွားသော ရှောင်ကျန့်က ယီဘင်ဆီမှ စာမေးရန်အစီအစဉ်ကို လက်လျော့လိုက်လေသည်။

BAD BOYWhere stories live. Discover now