Bad Boy - 48

2.4K 255 43
                                    

"ရီပေါ် ..... ကိုယ် ကလေးကို  နောက်တစ်ကြိမ် ပြန်လက်ထက်ချင်တယ်။ ကိုယ့်ကို လက်ခံပေးပါလား ?။

ဟုဆိုရင်း လက်စွပ်လေးအား ကိုင်ကာ ဒူးထောက်ထိုင်ပြီး လက်ထက်ခွင့်တောင်းနေသော ကိုကိုကြောင့် ရီပေါ်ရှောင်ကျန့်ကို မျက်လုံးလေးအ၀ ၀ိုင်းသားနဲ့ အံ့ဩစွာ ကြည့်နေမိလေသည်။

*မယုံနိုင်ဘူး ....ကိုကိုက ကျွန်တော့်ကို လက်ထက်ခွင့်တောင်းနေတာ ။နှစ်ယောက်တည်း ရှိတဲ့အချိန်မှာတောင် မဟုတ်ဘဲ လူအများကြီးရှိတဲ့ နေရာ ၊ လူအများဆုံး ရက်ကြီးမှာ ကိုကိုက ဒူးထောက်ပြီးတောင် လက်ထက်ခွင့် ‌တောင်းနေတာပဲ။  မားရေ....ဒါအိမ်မက် များလားဗျာ ။ ယုံတောင် မယုံနိုင်ဘူး ။*

ရီပေါ်တစ်ယောက် ပျော်လွန်း၍ အတွေးကမ္ဘာထဲတွင် စကားများပြောနေသော်လည်း တကယ့်တကယ်တွင်မူ ရီပေါ်ဘာစကားမှ မပြောနိုင်တော့ဘဲ ပြုံးနေလျှက်နှင့်ပင် မျက်ရည်ကျ‌နေမိလေသည်။

ရီပေါ်ငိုနေသည်ကို မြင်တော့ ရှောင်ကျန့်က ဒူးထောက်ထားရာမှထလာကာ ရီပေါ်အား မျက်ရည်သုတ်ပေးလေသည်။

"ဘာလို့ ငိုတာလည်း ကလေးရယ် ? ။

ထိုအခါမှ ရီပေါ်က အနားရောက်လာသော ရှောင်ကျန့်၏ကိုယ်လေးအား လှမ်းဖက်ရန် လက်ထဲမှအစိမ်းကောင်လေးအား နီးစပ်ရာလူတစ်ယောက်ကို အကူအညီတောင်းကာ ခဏကိုင်ထားခိုင်းလိုက်လေသည်။

ထို့နောက်တွင်မူ ဘာအထုတ်အဆွဲမှ မရှိတဲ့ လက်ဗလာနှစ်ဖက်ဖြင့် ရှောင်ကျန့်အား အားရပါးရပြေးဖက်လိုက်လေသည်။

" ချစ်တယ် ကိုကို ။ အရမ်း အရမ်းကိုပဲ။ ရင်ထဲ ၊ အသဲထဲ ၊နှလုံးသားထဲ ၊ အူကလီစာထဲ ၊ ကျောက်ကပ်ထဲ ၊အရိုးထဲထိ ကိုကို့ကို ချစ်တယ်လို့ ပြောရင် ကိုကိုယုံမှာလာဟင် ?။"

ရှောင်ကျန့်တစ်ယောက် ရီပေါ်၏ စကားကြားပြီးနောက်တွင် နှလုံးသားတစ်ခုလုံးကပဲ ခုန်ပေါက်ပြီး ပြေးလွှားနေသလိုလို ၊ ရယ်ကြောပဲ ထိမိထားသလိုလို ဖြစ်မိကာ ပါးစပ်ကြီးပိတ်မရအောင်ပင် ကျေနပ်စွာ ပြုံးနေမိလေသည်။

"ဟော .....ကြည့် ကိုကိုနော် ။ကလေးက တကယ်ပြောနေတာကို လှောင်နေတယ် ။သွားတော့ ....ကိုကို့ကို မချစ်တော့ဘူး ။ လက်ထက်ခွင့်တောင်းတာကလည်း လက်မခံပေးတော့ဘူး ။"

BAD BOYWhere stories live. Discover now